မြေပဲဈေးကောင်းသော်လည်း စိုက်စရိတ်ကြောင့် အမြတ်နည်း
. ဈေးကွက်သတင်းများ
စိုက်ပျိုး စရိတ်မြင့်တက်တာ၊လုပ်သားငှားရမ်းခနဲ့သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့် အမြတ်ရရှိမှု နည်းပါး
- မကွေးမြို့နယ်မှာ ဆောင်မြေပဲတွေ အထွက်နှုန်းသင့်ပြီး ဈေးကောင်းရရှိပေမယ့် တောင်သူတွေအနေနဲ့ စိုက်ပျိုး စရိတ်မြင့်တက်တာ၊လုပ်သားငှားရမ်းခနဲ့သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့် အမြတ်ရရှိမှု နည်းပါး ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။ ဆောင်းမြေပဲစိုက်ပျိုးချိန်မှာ မိုးပုံမှန်ရရှိခဲ့တာကြောင့် ဆောင်းမြေပဲ စိုက်ခင်းတွေ အဆင်ပြေခဲ့တာလို့ ဆိုပါတယ်။ - လတ်တလောမှာဆောင်းမြေပဲတောင့် တစ်တင်းကို ကျပ်၂၈၀၀၀ ကနေ ၃၀၀၀၀ ကျော်အထိ စျေးရရှိနေပြီး အရောင်းအဝယ်ကလည်း သွက်နေတယ်လို့ သိရပါတယ်။ မကွေးမြို့နယ်မှာ မြေပဲနဲ့နှမ်းကို အဓိက စီးပွားဖြစ် သီးနှံအဖြစ် စိုက်ပျိုးကြပြီး ဆောင်သီးနှံရာသီမှာတော့ မြေပဲ အဓိကနဲ့ အခြားပဲမျိုးစုံကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ - One News Myanmar မှကူးယူဖော်ပြပါသည်။ - ---- 
 
3
0
1332

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
