ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း (Eradicating of aquatic weed)
- ကန်အတွင်းပေါက်ပွားလျက်ရှိသော ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များကြောင့် ငါးကန်များတွင် ငါးကြီးထွားမှု ကို နှောင့်နှေးစေပြီး ထုတ်လုပ်မှုရည်မှန်းချက်ကို ထိခိုက်စေနိုင်ပါသည်။ သို့ရာတွင် အချို့သောရေမှော်နှင့် မြက်ပင်များမှ ငါးမွေးမြူရေးကိုအကျိုးပြုခြင်းများရှိပါသည်။ - ရေမှော်မြက်ပင် ကိုင်းပင်အမျိုးအစားများ - ငါးမွေးကန်တွင်းရှိ ရေမှော်ပင်များစွာ ပေါက်ပွားလာနိုင်ပါသည်။ ဥပမာအားဖြင့် ဗေဒါ၊ ပကန်၊ ကညွတ်၊ ကန်စွန်း စသည်တို့ ဖြစ်ပါသည်။ - ကန်တွင်းပေါက်ပွားသောရေမှော်ပင်များကြောင့် ငါးကန်တွင်ပြဿနာများဖြစ်ပေါ်ခြင်း - ရေမှော်များသည် ကန်တွင်းရှိ ရေသြဇာဓာတ်များကို အသုံးပြုခြင်း၊ - နေရောင်ခြည်ဖောက်ထွင်းမှုကို တားဆီးထားသောကြောင့် ကန်အတွင်း သဘာဝအစာဖြစ်သော ရုက္ခမျှော လှေများပေါက်ပွားမှုကို ဟန့်တားထားခြင်း၊ - မွေးမြူထားသော ငါးများကို အန္တရာယ်ပြုနိုင်သော မြွေ၊ ငါး စသောသတ္တဝါများ ခိုအောင်းနေနိုင်ခြင်း၊ - ကန်အတွင်း ရေမှော်အပုပ်အဆွေးများကြောင့် မွေးမြူထားသောငါးများကို အန္တရာယ်ဖြစ်စေသည့် အဆိပ်ဓာတ်ငွေ့များပေါ်ထွက်လာခြင်း၊ ရေအရည်အသွေး ပျက်ပြားလာပြီး ငါးရောဂါများကူးစက်လာနိုင်ခြင်း၊ - ငါးကန်အတွင်း သဘာဝအစာ ပေါက်ပွားမှုဖြစ်စဉ်ကို အဟန့်အတားပြုခြင်း၊ ကန်အတွင်း ငါးများလှုပ်ရှားသွားလာရန် နေရာကျဉ်းမြောင်းလာစေခြင်း။ - ရေမှော်ပင်များကို အလွယ်တကူ ရှင်းလင်းရန်နည်းလမ်း - လူအားဖြင့် ဖယ်ရှားခြင်း၊ တံစဉ်ရှည်ဖြင့် ရိတ်သိမ်းခြင်းမှာ စရိတ်ကျဉ်းကျဉ်းဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်သော နည်းလမ်း ဖြစ်ပါသည်။ - ငါးမွေးကန်တွင် အကျိုးပြုသော ရေမှော်ပင်များနှင့် အကျိုးပြုဖြစ်ထွန်းမှု - ဘဲစာပင်များ၊ မြက်နုများ၊ ငှက်ပျောပင်အရွက်များသည် မြက်စားငါးကြင်းကဲ့သို့ ငါးများအတွက် အစာအဖြစ်အသုံးကျပါသည်။ - ပကန်ပင်၊ ရေမှော်ပင်များ၊ မြက်နုများကို ငါးစာတွင် ရောကျွေးစေနိုင်ပါသည်။ ဗေဒါပင်သည် ရွှေဝါငါးကြင်းကဲ့သို့သော ငါးများကို သဘာဝကန်များတွင် သားပေါက်ရာ၌ ဥတွယ်ကပ်ရန်အဖြစ် အသုံးချပါသည်။ - ငါးကန်အတွက် ရေအနက်မလုံလောက်သောအခါ ရေမှော်ပင်များသည် ငါးများခိုအောင်းရန် နေရာဖြစ်ပါသည်။ - သို့သော် ကန်ရေပြင်ဖုံးလွှမ်းသည်အထိ ပေါက်ပွားမှုမရှိစေရန် ထိန်းသိမ်းရပါမည်။ - WorldFish Myanmar, Fish for Livelihoods - တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ် - ရက်စွဲ-၂၇.၁၁.၂၀၂၄ - ----------------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
