(၂၅.၁၁.၂၀၂၄) မှ (၂၉.၁၁.၂၀၂၄) ထိ စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက်
-ပဲစဉ်းငုံကတော့ စျေးအတက်အကျတည်ငြိမ်မှု မရှိပါ
-ပဲတီစိမ်းစျေးအရင်တပတ်ကတည်းကစျေးတက်လာ
-နှမ်းမျိုးစုံ ဈေးက ဆက်တိုက်မြင့်တက်လာ
- မတ်ပဲ - မတ်ပဲစျေးကွက်က နေ့စဥ်နဲ့အမျှစျေးတန်းကကျဆင်းလာနေပြီး ဒီတစ်ပတ်မှာလည်းစျေးအနည်းငယ် ထပ်ကျတာတွေ့ရပါတယ်။မတ်ပဲကိုအဓိကဝယ်ယူတဲ့အိန္ဒိယနိုင်ငံကသူတို့နိုင်ငံရဲ့ မတ်ပဲလိုအပ်ချက် - ပြည့်သွားတဲ့အတွက်ကြောင့်အဝယ်အေးသွားတဲ့အတွက်စျေးတန်းကကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။ - မိုး မတ်ပဲအသစ်တွေလည်း စပေါ်နေပြီးစျေးကွက်ထဲစတင်ဝင်ရောက်နေတာကြောင့်လည်း မတ်ပဲ စျေးတန်အေးနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ(FAQ)တစ်တန်ကိုဒီတစ်ပတ် အင်္ဂါနေ့မှာ ၃၅၇၆၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာ ၃၅၇၀၀၀၀ ၊ကြာသပတေးနေ့မှာ ၃၅၆၅၀၀၀ ကျပ်နဲ့သောကြာနေ့မှာ ၃၅၆၁၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲ တစ်တန်ကို ၂ သောင်း လောက် စျေးထပ်ကျပါတယ်။ - မန္တလေးစျေးကွက်မှာတော့ မတ်ပဲ(အဟောင်း)က ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၂၅၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က တစ်အိတ်ကို ၂၆၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပါတယ်။ - ပဲစဥ်းငုံ - ပဲစဥ်းငုံကတော့ စျေးအတက်အကျတည်ငြိမ်မှု မရှိပါဘူး။ ဒီတစ်ပတ်မှာတော့ စျေးက ပြန်ကျ ပါ တယ်။ ပြည်တွင်းမှာလည်းပဲလက်ကျန် မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ် အေးနေတာက တကြောင်း၊ ပြည်ပဝယ်လိုအားလည်းပုံမှန်လောက်သာရှိတာကြောင့်စျေးပြန်ကျတာဖြစ်ပါတယ်။ - နိုင်ငံခြားငွေစျေးအတက်အကျကြောင့်လည်းစျေးကွက်ကအတက်အကျတည်ငြိမ်မှုမရှိဘဲဖြစ်နေတယ်လို့သိရပါတယ်။ - မကြာခင် ပဲ အသစ်တွေ ဈေးကွက်ထဲ ဝင်တော့မှာ ဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အတက် မရှိနိုင်သေးဘူးလို့ ကုန်သည်အချို့ကတော့သုံးသပ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အင်္ဂါနေ့မှာ ၃၉၅၀၀၀၀ ၊ဗုဒ္ဓဟူးနေ့က - ၃၉၄၂၀၀၀ ၊ကြာသပတေးနေ့မှာ ၃၈၉၅၀၀၀ နဲ့သောကြာနေ့မှာ ၃၈၅၂၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဥ်ရင် တစ်တန်ကို ၁ သိန်းဝန်းကျင်စျေး ပြန်ကျပါတယ်။ - မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ အရင်တပတ်ကတည်းကစျေးတွေတက်လာပြီး ဒီတစ်ပတ်မှာလည်း ဝါးခယ်မနဲ့ပဲတီ စိမ်းအညာကထပ်တက်လာပါတယ်။ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါကတော့ အတက်စျေးမှာ ငြိမ်နေပါတယ်။ တရုတ်ဝယ်လက်ကြောင့်ဈေးကွက်အတွင်း ဈေးမြင့်တက်လာတာလို့ သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၂၅၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၀၈၀ ကျပ်နဲ့ငြိမ်နေတာပါ။ ဝါးခယ်မ FAQ နဲ့ ပဲတီစိမ်းအညာကတစ်ပိဿာ ကို ၄၅၀၀ မှ ၄၅၂၀ ကြားရှိပြီး အရက်အပတ်ကထက် တစ်ပိဿာကို ၈၅ ကျပ်ထပ်တက်လာပါတယ်။ - မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို ၂၉၀၀၀၀ မှ ၃၀၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀လောက်ထပ်တက်လာပါတယ်။ - နှမ်းမျိုးစုံ - ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံ ဈေးက ဆက်တိုက်မြင့်တက်လာပါတယ်။စမုံ နှမ်းနက်က စျေးနှုန်းတက် လာသလိုပြီးကျန်တဲ့နှမ်းဖြူနဲ့နှမ်းညိုလာတက်လာ ပါ တယ်။ - စမုံနှမ်းနက်က အောင်လံဘက်ကအသစ်တွေဈေးကွက်ဝင်လာပြီး ပြည်ပအဝယ်ရှိခြင်း၊ ကျန်တဲ့ နှမ်းဖြူ ကလည်းလုပ်ငန်းသုံးဖြစ်လို့ပုံမှန်အဝယ်ရှိခြင်း၊နှမ်းညိုကလည်းဆီစက်တွေကဝယ်လိုအားရှိတာ - ကြောင့် စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ - မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ အက်စစ်လွတ်တဲ့ စမုံ နှမ်းနက်သုံးတင်းတစ်အိတ်ကို ၆၄၅၀၀၀ မှ ၆၈၀၀၀၀ ကျပ်အတွင်းရှိပြီး အရင်အပတ်ကထက် ၃၀၀၀၀ ကျပ်လောက်တက်လာပါတယ်။ - နှမ်းညိုကလည်းတစ်အိတ်ကို ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို၅၀၀၀ ကျပ်တက်လာပါတယ်။ - နှမ်းဖြူဗမာကလည်း တစ်အိတ်ကို ၃၈၀၀၀၀ မှ ၄၀၅၀၀၀ ကျပ်ရှိကာ အရင်အပတ်ကထက် ၃၀၀၀၀ ကျပ်တက်လာပါတယ်။နှမ်းဖြူ ဂျပန်က ၄၅ ပိဿာသုံးတင်တစ်အိတ်ကို ၄၁၅၀၀၀၀ မှ ၄၂၅၀၀၀ ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။ - (AMIA) - Exclusive content for Htwet Toe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
