ပါကစ္စတန်နှင့် ဈေးယှဉ်မရောင်းနိုင်သဖြင့် မြန်မာ့ဆန်/ဆန်ကွဲ တရုတ်ဝယ်လိုအား ကျဆင်း
- ပါကစ္စတန်နိုင်ငံရဲ့ ဆန်ဈေးနှုန်းကို ယှဉ်မရောင်းနိုင်တာကြောင့် တရုတ်နိုင်ငံကို မြန်မာ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေ သိရပါတယ်။ - လက်ရှိမှာ တရုတ်နိုင်ငံအနေနဲ့ ပါကစ္စတန်နိုင်ငံကနေ ဆန်/ဆန်ကွဲ ဝယ်ယူမှုမြင့်တက်လာကြောင်း MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ - “တရုတ်နိုင်ငံလည်း ဝယ်ပါတယ်။ ပါကစ္စတန်ကို ဈေးယှဉ်မရောင်းနိုင်ဘူး။ တရုတ်က များသောအားဖြင့် ပါကစ္စတန်က ဝယ်တာ များလာတယ်။ အိန္ဒိယကနေလည်း အခု ဝယ်တာ များလာတယ်”လို့ ဆိုပါတယ်။ - ဒါ့ကြောင့် မြန်မာ့ဆန်တင်ပို့သူတွေအနေနဲ့ ဥရောပဈေးကွက်နဲ့ အင်ဒိုနီးရှားနိုင်ငံကို အားပြုရောင်းချနေရပြီး ဖိလစ်ပိုင်နိုင်ငံကိုလည်း တင်ပို့ရောင်းချရတယ်လို့ သိရပါတယ်။ - “မလေးရှားကိုလည်း နည်းနည်းပဲ ရောင်းနိုင်တယ်။ ပါကစ္စတန်ကနေ ဝယ်တာများတယ်။ နောက်ပြီး အာဖရိကနိုင်ငံတွေကိုတော့ အိန္ဒိယကို ယှဉ်ပြီး မရောင်းနိုင်ပါဘူး”လို့ MRF ဥက္ကဋ္ဌက ဆက်ပြောပါတယ်။ - လက်ရှိမှာ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ် စတဲ့ ဆန်တင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ တစ်ဧက အထွက်နှုန်း တိုးအောင်ပြုလုပ်ပြီး ဈေးနှုန်းကျအောင် ဆောင်ရွက်လာကြလို့ ဈေးချရောင်းနိုင်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ - မြန်မာနိုင်ငံမှာတော့ တစ်ဧကအထွက်နှုန်း တိုးလာဖို့ ဆောင်ရွက်ဖို့ စိန်ခေါ်မှုအများအပြား ရှိနေတယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။ - “နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအခြေအနေကောင်းမှ ဒါတွေ လုပ်နိုင်မှာ။ လက်တလောမှာ မြေကြီးက ပေးတဲ့ အနေအထား၊ တောင်သူတွေ ကြိုးစားအားထုတ်မှု၊ ဈေးကွက်က ဖန်တီးပေးတဲ့ အခွင်အလမ်း။ ဒီသုံးခုကို ပေါင်းစပ်ပြီးတော့ ရပ်တည်ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်”လို့ ၎င်း က ဆိုပါတယ်။ - လက်ရှိမှာ နိုင်ငံရဲ့ ဆန်စပါးပိုလျှံမှုအနေနဲ့ တန်ချိန် ၃ သန်းကျော်ရှိပြီး တန်ချိန် ၂ သန်းကျော်ကို နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိပါတယ်။ - ယခုဘဏ္ဍာနှစ်မှာလည်း တန်ချိန် ၂.၃ သန်းကနေ ၂.၅ သန်းအထိ တင်ပို့နိုင်ရေးအတွက် ရည်မှန်းထားပြီး အောက်တိုဘာလအထိ ၇ လတာအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁.၃၆၂ သန်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၄၇ သန်းရရှိထားပါတယ်။ - သတင်း - BETV Business မှကူးယူဖော်ပြပါသည်။ - -------------------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
