ပဲခူးတိုင်းဒေသကြီးအတွက်ငါး /ပုဇွန် ကန်များအတွက်အကြံပြုချက်
- ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် - မိုးညိုမြို့နယ် - မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၉ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉ ရှိနိုင်ပြီး ကျန်သောရက်များမှာ ၁-၂ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၃.၇°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၇.၂°C ရှိနိုင်ပါတယ်ခင်ဗျာ။ - လက်ပံတန်းမြို့နယ် - လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၅၇ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မိုးရွာရန် ၅၇ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၁-၃ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၇.၁°C အမြင့်ဆုံးအပူချိန် ၃၃.၇°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - သာယာဝတီမြို့နယ် - သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၅၇ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်တွင် မိုးရွာရန် ၅၇ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၃ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၁°C မှ အမြင့်ဆုံးအပူချိန် ၃၃.၇°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - ဒီဇင်ဘာလထဲ ညဘက် အအေးဓါတ်လေး ဝင်လာချိန်ဖြစ်လို့ ငါး/ပုဇွန်မွေး တောင်သူကြီးများ အနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အထူးတိုက်တွန်းလိုပါတယ်ခင်ဗျာ- - ကန်ရေမျက်နှာပြင်အအေးများလာပြီး ကန်အောက်ခြေအောက်ဆီဂျင်ပြတ်လက်သောကာလဖြစ်၍ ငါးများ ကန်မျက်နှာပြင်ပေါ်တက်လာတာတွေ့ရတက်ပါတယ်။ အဲဒါကြောင့် ည ၁၂ နောက်ပိုင်း ကန်ရေအတွင်း အောက်ဆီဂျင်ရရှိရေးဆောင်ရွက်ပေးရန်၊ - ရေဩဇာကြွယ်ဝလွန်းသောကန်များတွင် အောက်ဆီဂျင်ပိုပြတ်တက်သဖြင့် ရေမကြာခဏလှည့်ပေးရန်၊ - နံနံက်ခင်းပိုင်း အပူချိန်ကျချိန်ဖြစ်၍ အစာကျွေးခြင်းကို နံနက် ၉:၀၀ နောက်ပိုင်းမှသာ ဆောင်ရွက်ရန်၊ - Weather Source: CIAT 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
