ကြက်သွန်ပင် ဒေါင်းနှီးရွက်ခြောက်ရောဂါ
- ကြက်သွန် ဒေါင်းနီးရွက်ခြောက်ရောဂါကို ကမ္ဘာတစ်ဝန်းလုံးမှာ တွေ့နိုင်ပါတယ်။ ထိုရောဂါသည် ပင်ကြွင်း ပင်ကျန်နှင့် မျိုးစေ့ ထဲတွင် ခိုအောင်းနေတတ်ပါတယ်။ စိုက်ခင်းထဲတွင် စိုထိုင်းဆများပါက ရောဂါကူးစက် ပေါက်ပွားရန် လွယ်ကူပါတယ်။ - ရောဂါပင်ပြလက္ခဏာများ - 🧅ရေစိုနာအကွက်များ အရွက်ဟောင်းထိပ်တွင် တွေ့ရပြီး နောက်ပိုင်းတွင် အဝါရောင်အကွက်များ ပေါ်တွင်ခရမ်းရောင်မှို များဖုံးအုပ်ထားတာကိုတွေ့ရပါမယ်။ - 🧅 အရွက်များ အရောင်လွင့်၍ အောက်ဖက်သို့ တွန့်လိမ်လာပါမယ်။ နောက်ပိုင်းမှာ အပင်သေခြင်းများဖြစ်ပေါ် နိုင်ပါတယ်။ - 🧅ရာသီဥတုသည် စိုထိုင်းဆ မြင့်မားပါက ရောဂါ ပျံ့ပွား၍ ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိပြီး အရွက်ကြွေခြင်းများလည်း ဖြစ်ပွားနိုင်ပါတယ်။ - ဒါကြောင့် ကြက်သွန်ပင်တွေမှာဒေါင်းနီးရွက်ခြောက်ရောဂါဖြစ်ပွားပါက စောစီးစွာ ကာကွယ်ကုသသင့်ပါတယ်။ - ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါ ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများကတော့ - - စိုက်ခင်းကို လေဝင်လေထွက်နှင့် ရေသွင်းရေလာကောင်းစေရန် လုပ်ဆောင်ပေးပါ။ - - ရောဂါကင်းသောအပင်ကို ရွေးချယ်စိုက်ပျိုးပြီး ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းပါ။ - - မျိုးရင်းဝင်မတူသော ပြောင်းပင်၊ ကန်စွန်းဥ၊ နှံစားပြောင်းတို့နှင့် သီးလှည့်စိုက် ပေးပါ။ - - ရောဂါသည် ရေမှတဆင့်ပျံ့နှံ့နိုင်သောကြောင့် စိုက်ခင်းထဲတွင် ရေကို အချိန်အတော်ကြာ မသွင်းပါနှင့်။ - - ရောဂါများခိုအောင်းနေထိုင်နိုင်သော လက်ခံပေါင်းပင်များကို ရှင်းလင်းပေးပါ။ - - ရောဂါ သည် ပင်ကြွင်းပင်ကျန်များထဲတွင် ခိုအောင်းနေထိုင်ပြီး နောက်ရာသီတွင် ပြန်လည် ပေါက်ပွား သောကြောင့် ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းရန်နှင့် အခြားသီးနှံများနှင့် သီးလှည့် စိုက်ပျိုးပေးရန် လိုအပ်ပါတယ်။ - - နိုက်ထရိုဂျင် ဓါတ်မြေသြဇာများကို အလွန်အကျွံ မသုံးစွဲသင့်ပါ။ - ဓါတုဆေးကို အသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း - ရောဂါစတင်ဖြစ်ပွားပါက အောက်ပါဓါတုဆေးများကိုအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ - (၁) မန်ကိုဇက် (Mancozeb) - (၂) မက်တယ်လဇီ (Metalaxy) - (၃) ကလိုရိုသာလိုနေး (Chlorothalonil) - (၄) ဒိုင်မီသိုမော့ (Dimethomorph) - (၅) ဒိုင်ဖာကိုနာဇိုး (Difenoconazole) စတဲ့ဆေးအဆိပ်ပါတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။ - ----------------------------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://htwettoe.com/download - ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
