ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်း သုံးသပ်ခန့်မှန်းချက်
- ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်သီးနှံ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဈေးနှုန်းကို လေ့လာသော် တစ်သေတ္တာလျှင် ၄၇,၀၀ဝိ/-ကျပ်မှ ၇ဝ,၀၀ဝိ/-ကျပ်၊ အသီးသီးဈေးဖြစ်နေပါတယ်။ - ယခင်လ (နိုဝင်ဘာလ)နှင့် ယခုလ (ဒီဇင်ဘာလ)နှိုင်းယှဉ်ခြင်း - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျမ်းမျှဈေးနှုန်းအား ယခင် နိုဝင်ဘာလ ပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်းမှာ ယခင် နိုဝင်ဘာလထက် တစ်သေတ္တာလျှင် ၁ဝ,၂၃၂/-ကျပ် ဈေးမြင့်နေတာကို တွေ့ရပါတယ်။ ယခင် နိုဝင်ဘာလတွင် ၄၇,၅၃၅/-ကျပ်ရှိရာမှ ဒီဇင်ဘာလတွင် ၅၇,၇၆၆/-ကျပ်အထိ မြင့်တက်နေပါတယ်။ - ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ နိုဝင်ဘာလ ပထမပတ်အထိ ခရမ်းချဉ် တစ်သေတ္တာ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆,၆၆၉ ကျပ်၊ မတ်လတွင် ၂၂,၄၂၀ ကျပ်၊ ဧပြီလတွင် ၂၅,၃၂၅ ကျပ်၊ မေလတွင် ၃၆,၈၅၀ ကျပ်၊ ဇွန်လတွင် ၄၀,၆၁၃ ကျပ်၊ ဇူလိုင်လတွင် ၃၉,၃၂၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃၉,၇၆၀ိ/- ကျပ်၊ စက်တင်ဘာလတွင် ၅၅,၅ဝ၀ိ/- ကျပ်၊ အောက်တိုဘာလတွင် ၃၈,၁၄၀ိ/- ကျပ်၊ နိုဝင်ဘာလတွင် ၄၇,၅၃၅/- ကျပ်၊ ဒီဇင်ဘာလတွင် ၅၇,၇၆၆/- ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။ - သုံးသပ် ခန့်မှန်းချက် - သုံးသပ်ချက်အနေဖြင့် ယခုလ ဒုတိယပတ်အထိ ဈေးမြင့်နေတာတွေ့ရပါတယ်။ အကြောင်းကတော့ ဒေသစုံမှ ခရမ်းချဉ်ဝင်ရောက်မှုနည်းနေသေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ဈေးကွက်သို့ အဝင်နည်းနေခြင်းတို့ကြောင့် ဖြစ်ပါတယ်။ - ခန့်မှန်းချက်အနေဖြင့် ခရမ်းချဉ်ဈေးနှုန်းများ ယခုလအတွင်း ဈေးငြိမ်နိုင်ပြီး ဒီဇင်ဘာလကုန်ခါနီးတွင် မြေပြန့်ခရမ်းချဉ်များ ဝင်လာတဲ့အတွက် ဈေးကျနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ - ထွက်တိုး - ------- - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ - ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
