လှေး (သရစ်ပိုး) အကြောင်းသိကောင်းစရာ
- လှေးပိုး (သရစ်ပိုး) ဆိုသည်မှာ အလွန်သေးငယ်သည့် အင်းဆက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အပင်ပေါင်းများစွာကို စားသောက်ဖျက်ဆီးလျက်ရှိပါသည်။ အကောင်၏ အရောင်သည် အဝါမှ အညို၊ အနက်ရောင်ထိ ရှိနိုင်သည်။ - လှေးပိုးသည် စုပ်စားပိုးဖြစ်ပြီး အပင်ကို တိုက်ရိုက်ထိခိုက်နိုင်သလို၊ ဗိုင်းရပ်စ် သယ်ဆောင်လာခြင်းအားဖြင့်လည်း ထိခိုက်စေနိုင်ပါသည်။ - လှေးပိုး၏ ဘဝစက်ဝန်းသည် မျိုးရိုးဗီဇ၊ တည်နေရာ၊ လက်ခံပင်နှင့် အခြားသော အကြောင်းအရာများပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။ ပုံမှန်ဘဝစက်ဝန်းသည် ၂၂ ရက် ကြာနိုင်ပါသည်။ - လှေးအရွယ်ရောက်အကောင်ကြီးများသည် အပင်အကြွင်းအကျန်များ ၊ ပင်စည်အခေါက်များကြားတွင် ဆောင်းခို၍ နေထိုင်ကြသည်။ လှေးပိုးများသည် တစ်နှစ်တွင် မျိုးဆက် ၁၅ ဆက်ထိ ပြန့်ပွားနိုင်ပြီး အရွယ်ရောက်အကောင်ကြီးတစ်ကောင်သည် ၁လလောက်ထိ ရှင်သန်နိုင်ပါသည်။ - လှေးပိုးသည် စိုက်ခင်းပေါ်တွင် သေးသွယ်၍ ငွေရောင်တောက်တောက်အရောင်ရှိသည်။ မှန်ဘီလူးမပါဘဲ ကြည့်လျှင် ၎င်းတို့၏ ခန္ဓာကိုယ်ကို မြင်နိုင်ရန် ခဲယဉ်းသော်လည်း အသေးစိတ် အနားကပ်ကြည့်မှ ထင်ထင်ရှားရှားမြင်နိုင်သည်။ လှေးပိုးကို သေချာမြင်နိုင်ရန် အဖြူရောင်အခင်းပေါ်တွင် ခါချ၍လည်း ကြည့်နိုင်ပါသည်။ - ဖျက်ဆီးမှု လက္ခဏာများ - လှေးကျရောက်ထားသော အပင်၏ အရွက်ထိပ်ပိုင်းများသည် အစိမ်းရင့်ရောင်ပြောင်းလာပြီး နောက်ပိုင်းတွင် အပေါ်ဘက် မျက်နှာပြင်၌ ငွေဖြူရောင် အရောင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ - အရောင်ပျက်နေသော အရွက်မျက်နှာပြင်ပေါ်တွင် သေးငယ်သော အနက်ရောင် မစင်အစက်များကို မြင်နိုင်သည်။ - ကြီးထွားဆဲ အပင်အညွှန့်ထိပ်ပိုင်းများ (သို့) ပန်းအဖူးများတွင် လှေးပိုးကျရောက်ပါက အပင်ကြီးထွားမှုများ ရပ်တန့်သွားနိုင်သည်။ - ခေါင်ညွှန့်သေးခြင်း၊ အရွက်ကုပ်ခြင်းများ ဖြစ်နိုင်သည်။ - ပန်း ပွင့်ရွက်များ အရောင်ပျက်သွားပြီး အဖြူရောင်အစက်အပြောက်များ ပေါ်လာနိုင်သည်။ - ဆိုးရွားစွာ ကျရောက်ပါက ပန်းပွင့်အာမှုကိုပါ ထိခိုက်စေနိုင်သည်။ - ကာကွယ်နှိမ်နင်းနည်း - ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။ - အပင်၏ အနီးနားတွင် အပြာရောင်စေးကပ်သော ထောင်ချောက်များထား၍ လှေးပိုးကျရောက်မှု ရှိမရှိ စစ်ဆေးနိုင်သည်။ - လှေးပိုးခိုအောင်းမှုများ မရှိစေရန် စိုက်ခင်းအတွင်းနှင့် အနီးတစ်ဝိုက်ရှိ ပေါင်းမြက်များ၊ ချုံပုတ်များ ရှင်းလင်းပေးပါ။ - ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပေးပါ။ - နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ပါ။ - ပိုးသတ်ဆေးအသုံးပြုလိုပါက Fipronil, Acetamiprid, Thiamethoxam, Spinosad စသည်တို့ကို အသုံးပြုနိုင်ပါတယ်။ - ------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
