ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါး/ပုစွန်မွေးမြူသူများထံသို့….
- ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့ - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် - မိုးညိုမြို့နယ် - မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁၀ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁၀ ရှိနိုင်ပြီး ကျန်သောရက်များမှာ ၀-၃ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၉°C ရှိနိုင်ပါတယ်ခင်ဗျာ။ - လက်ပံတန်းမြို့နယ် - လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၇ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မိုးရွာရန် ၇ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၀-၃ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၉°C အမြင့်ဆုံးအပူချိန် ၃၄°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - သာယာဝတီမြို့နယ် - သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၇ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်တွင် မိုးရွာရန် ၇ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၃ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၀°C မှ အမြင့်ဆုံးအပူချိန် ၂၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - ငါး/ပုစွန် ကန်များအတွက် အကြံပြုချက် - ယခုတစ်ပတ်အတွင်း ရာသီဥတုအေးလာတဲ့အတွက် ကန်ရေအတွင်း အောက်ဆီဂျင်ပြတ်တာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ ငါး/ပုစွန်မွေးတောင်သူကြီးတွေအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ- - -ရေဒလတ်ကို နံနက် ၂:ဝဝ နာရီမှ နံနက် ၄:ဝဝ အတွင်း လည်ပတ်ပေးရန်၊ - -ည ၁၂:၀၀နာရီ နောက်ပိုင်း အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ပေးရန်၊ - -ရေဒလတ် တပ်ဆင်ထားခြင်းမရှိပါက အပေါ်ရေ၊ အောက်ရေလှယ်ခြင်းကို ဆောင်ရွက်ပေးရန်၊ - -ရေဩဇာလွန်ကဲနေပါက လျော့ချပေးရန်၊ - -နံနက်ပိုင်းတွင် ကန်ရေပေါ် ကူးခတ်သွားလာနေခြင်း ရှိ/မရှိ စစ်ဆေးပေးရန်၊ - -ကန်အတွင်း ပြွတ်သိပ်မနေစေရန် ဈေးကွက်တန်းဝင်အရွယ်ရောက် ငါးများကို ဖမ်းယူရောင်းချနိုင်ရန်၊ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
