ဆောင်းရာသီမှာ ချဥ်ဖတ်စုံ လုပ်စားရအောင် 🍛🍛
#မုန်လာချဉ်ဖတ်
မုန်လာဥ ၅ လုံးကို လှီးဖြတ်ထားပါ
ရှာလကာရည် အကြမ်းပန်းကန် ၁ လုံး
ရေ အကြမ်းပန်းကန် ၃ လုံး
ဆား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
သကြား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
အားလုံးရောဖျော်ပီး မုန်လာဥမြုပ်အောင် ထည့်ထားပါ
၁ ညသိပ်ပီးရင် စားလို့ရပါပြီ
ပိုးတီကြိုက်ရင်တော့ ပိုးတီလှီးပီးမှ စိမ်စားလို့ရပါတယ်
#ပဲတီချဉ်
ရေတစ်လီတာ
ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း
ဆား ထမင်းစားဇွန်း ၁ ဇွန်း
သကြား ထမင်းစားဇွန်း တစ်ဝက်
အားလုံး ရောမွှေထားတဲ့ အချဉ်ရည်ထဲကို
ပဲပင်ပေါက်ကို ရေဆေးပီး ထည့်စိမ်လိုက်ပါ
( ပဲပင်ပေါက်ကို အချဉ်ရည်ထဲ မြုပ်အောင်စိမ်ပီး
အဖုံးအုပ်ထားပေးပါ )
တစ်ညသိပ်ပီးရင် စားလို့ရပါပြီ
#ကြောင်လျှာသီးချဉ်ဖပ်
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပါ
ကြောင်လျှာသီးကို မထူမပါးလှီးပီး ပုလင်းထဲထည့်ပါ
ဆားထည့်ပီး ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပါ
ရေပေါ် ပေါလောပေါ်မနေအောင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ပါ
ပုလင်းအဖုံးကို ပိတ်ထားပေးပါ
သုံး လေးရက်ကြာရင် ချဉ်ဖတ်ရပါပီ
ဘာချဉ်ဖတ်ပဲလုပ်လုပ်
ရေပေါ် ပေါလော ပေါ်မနေစေပဲ
ရေထဲမြုပ်နေအာင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ထားပေးပါ
#ဟင်္ဂလာချဉ်
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ
ဟင်္ဂလာချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်ဝါချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ
မဝါချင်ရင်တော့ ထည့်ဖို့ မလိုပါဘူး
( နောက်တစ်နည်း )
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ဟင်္ဂလာချဉ်ရပါပြီ
#တမာချဉ်ဖတ်လုပ်နည်း, တမာချဉ် လုပ်နည်း
တမာချဉ်ဖတ်နဲ့ တမာချဉ်ဆိုပီး ၂ မျိုးရှိပါတယ
အခါးကြောက်တတ်သူများအတွက်
တမာချဉ်ဖတ်လုပ်နည်းကို အရင်ပြောပြပါမယ်
တမာချဉ်ဖပ် လုပ်နည်း
ဆန်ဆေးရည်ငှဲ့ပီး ၁ ည သိပ်ကာ အချဉ်ခံထားပေးပါ
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
ချဉ်ဖပ်တည်မယ့်အိုးထဲ ရေစစ်ထားတဲ့ တမာရွက်များ ထည့်ပါ
အချဉ်ခံထားတဲ ဆန်ဆေးရည် လောင်းထည့်ပါ
ဆား သင့်ရုံသာ ထည့်ပီး မွှေလိုက်ပါ
တမာရွက်ပြုတ်များ ဆန်ဆေးရည်ထဲ မြုပ်နေပါစေ
ပီးရင် အဖုံးအုပ်ထားလိုက်ပါ
၂ ညသိပ်ပီးရင် တမာချဉ် မွှေးမွှေးလေး ရပါပီ
ခါးပေါ့ ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ တမာချဉ်ဖတ်ပါ
( နောက်တစ်နည်း )
တမာရွက်နုများကို ဇီးသီးနဲ့ ပြုတ်ပီး ရေစစ်ထားပါ
အိုးထဲထည့်ပီး ဆားအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ
၂ ရက်, ၃ရက်ခန့် အချဉ်တည်ပီးရင် တမာချဉ် ရပါပီ
#တမာချဉ် လုပ်နည်း
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
မကျည်းရည်ထဲ ၁ နာရီခန့် ထည့်စိမ်ထားလိုက်ပါ
တမာချဉ် ရပါပီ
#ကတက်ချဉ်
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ
ကတက်ချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်လှချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ
( နောက်တစ်နည်း )
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ကတက်ချဉ်ရပါပြီ
#ကန်စွန်း ချဉ်ဖတ်
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပီးနောက်
အပေါ်ယံ အရည်ကြည်များ သွန်ချပီး ဆားထည့်မွှေပေးပါ
ကန်စွန်းရိုးနဲ့ အရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထို ဆန်ဆေးချဉ်ရည် ထဲမှာ ထည့်စိမ်ထားပါ
၂ ရက်ကြာရင် ကန်စွန်းချဉ်ဖပ် ဖြစ်လာပါလိမ့်မယ် ……..
credit to ပဲခူး ဒေါ်ထွေးရီ
Photo crd to All
✦✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752