ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး/မွေးမြူရေးနှင့် ရာသီဥတုဆိုင်ရာ အကြံပြုချက်
- ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့ - မိုးညိုမြို့နယ် - မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အထိ ရှိနိုင်ပါတယ်။ ဇန်နဝါရီလ ၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁ ရှိနိုင်ပြီး ကျန်သောရက်များမှာ မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၆°C ရှိနိုင်ပါတယ်ခင်ဗျာ။ - လက်ပံတန်းမြို့နယ် - လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၆°C အမြင့်ဆုံးအပူချိန် ၃၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - သာယာဝတီမြို့နယ် - သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁၊ ဇန်နဝါရီ (၅) ရက်တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ သာရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၁၇°C မှ အမြင့်ဆုံးအပူချိန် ၃၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့…. - စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက် - ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများလက်ရှိကြုံတွေ့နေရသော မှဲ့ပြောက်စွန်းရောဂါအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ - ဆီးနှင်းကျခြင်း၊ နေ့အပူချိန်မြင့်ခြင်း ( ၃၇ ဒီဂရီအထက်)၊ အာဟာရမျှတမှုမရှိခြင်းနှင့် ဖော့စ်ဖရပ်စ် (P) ချို့တဲ့သောမြေများတွင် မှဲ့ပြောက်စွန်းရောဂါအဓိက ကျရောက်တတ်ပါတယ်။ - ရောဂါကျရောက်သည်ကို စတင်တွေ့ရပါက Hexaconazole ကိုပထမအကြိမ် အသုံးပြုပါ။ - တစ်ပတ်ခြားပြီး ဒုတိယအကြိမ်အဖြစ် Tebuconazole+ Chlorothalonil ကိုအသုံးပြုနိုင်ပါတယ်။ - စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုလည်းသေချာရှင်းလင်းပေးပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ဒီတစ်ပတ်မှာ အအေးပိုလာနိုင်တာမို့ ငါး/ပုစွန်မွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ - ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊ - ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊ - အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
