cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
၂၀၂၅ ခုနှစ်၊ ရန်ကုန် (ဝါးတန်း)ဈေးကွက်ရှိ ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက်
  • ၂၀၂၅ခုနှစ်၊ ရန်ကုန်(ဝါးတန်း)ဈေးကွက်ရှိ ပေါ်ဆန်းမွှေးဆန်(ရွှေဘို)နဲ့ ပေါ်ဆန်းမွှေးဆန်(ဖျာပုံ) ဈေးနှုန်း များကို လေ့လာသော် ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်) တစ်အိတ်လျှင် ၁၄၀,၀၀ဝိ/-ကျပ်မှ ၁၅ဝ,၀၀ဝိ/-ကျပ်အထိ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်)တစ်အိတ်လျှင် ၁၁၀,၀၀ဝိ/-ကျပ်မှ ၁၂၅,၀၀ဝိ/-ကျပ်အထိ၊ အသီးသီးဈေး ပေါက်နေပါတယ်။ 

    ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ပျမ်းမျှဈေးနှုန်းများကို ပြန်ကြည့်ရင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၂၈,၇၅ဝိ/-ကျပ်၊ မတ်လတွင် ၁၃၅,၄၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁၃၀,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၃၉,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၄၈,၇၈၁/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၄၀,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၄၃,၄၀ဝိ/-ကျပ်၊ အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ၁၄၅,ဝ၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း ၁၄၅,ဝ၀ဝိ/-ကျပ်ဖြင့် ဈေးဖြစ်နေပါတယ်။ 

    ဖျာပုံပေါ်ဆန်းမွှေးမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၀၅,၀၀ဝိ/-ကျပ်၊ မတ်လတွင် ၁၁၀,၅၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁ဝ၅,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၁၆,၆၅၀ိ/- ကျပ်၊ ဇွန်လတွင် ၁၂၆,၄၉၈/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၁၅,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၁၆,၇၀ဝိ/-ကျပ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ၁၁၇,၅၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင်လည်း ၁၁၇,၅၀ဝိ/-ကျပ်ဖြင့် ဈေးဖြစ်နေပါတယ်။ 

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နှိုင်းယှဉ်ချက် 

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျမ်းမျှဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွှေဘိုပေါ် ဆန်းမွှေးနဲ့ ဖျာပုံပေါ်ဆန်းမွှေး အမျိုးအစားနှစ်ခုလုံး ယခင်လပျမ်းမျှဈေးနှုန်းအတိုင်းရှိနေပြီး ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ 

    သုံးသပ်ချက် 

    ဟောင်းလက်ကျန်နဲ့ ဆန်အသစ်များ ပုံမှန်ဝယ်လိုအားရှိနေတဲ့အတွက် ပေါ်ဆန်းမွှေး အမျိုးအစား (ရွှေဘို၊ ဖျာပုံ)နှစ်မျိုးလုံးရဲ့ ပျမ်းမျှဈေးနှုန်းများ ဈေးငြိမ်နေတာ တွေ့ရပါတယ်။  

    ဈေးကွက် ခန့်မှန်းချက် 

    ခန့်မှန်းချက်အနေဖြင့် ဈေးဆက်ငြိမ်နေပြီး အကျဘက်ကို ဦးတည်နိုင်ကြောင်း ခန့်မှန်းပေးလိုက်ရပါ တယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင် 

    ထွက်တိုး 

    ------- 


  • article
  • article
likes
4
comments
2
views
2479