တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "( ၆. ၁ . ၂၀၂၅ မှ ၁၀. ၁. ၂၀၂၅)
- မတ်ပဲ - မတ်ပဲ ကတော့ ဒီတစ်ပတ်မှာ စျေးအတက်အကျအပြောင်းအလဲကြီးကြီးမားမားမရှိပါဘူး။ အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်ပေါ်ပြီးစျေးကွက်ထဲဝင်ရောက်မှုရှိနေလို့ စျေးတန်းအတက်နှေးနေပါတယ်။ အိန္ဒိယဂယက်နဲ့အတူ မြန်မာမှာလည်းမတ်ပဲအသစ်တွေပေါ်ပြီး ရောင်းအားများနေ တာကြောင့် စျေးတန်းအေးနေဆဲဖြစ် ပါတယ်။ - ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၁၉၅၀၀၀ ကျပ် သိန်းကျော်ရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၁၉၇၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၈၀၀၀၀ မှ ၃၀၅၀၀၀ ကျပ်ရှိ ပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကတော့ အခုအပတ်မှာလည်း တစ်တန်ကို ၄၀၀၀၀ လောက် စျေးထပ်ကျပါတယ်။ ပြည်တွင်းမှာ ပဲအသစ်တွေပေါ်နေတဲ့အပြင်အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစင်းငုံ စျေးတန်းအေးနေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို ၃၀၇၅၀၀၀ ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်က တစ်တန်ကို ၃၁၁၅၀၀၀ ကျပ် ရှိပါတယ်။ မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။ - မြေပဲ - မြေပဲဆံစျေးကွက်ကတော့ ခုရက်ပိုင်းမှာ စျေးတက်လာတယ်လို့သိရပါတယ်။ မြေပဲဆံကို ပြည်ပအဝယ်မရှိပေမယ့်လည်း ဆီစက်ပိုင်တွေကဝယ်လိုအားရှိခြင်း ၊လုပ်ငန်းသုံးသမား ဝယ်ယူမှုရှိခြင်းကြောင့်မြေပဲစျေးမြင့်တက်လာတာဖြစ်ပါတယ်။ မကွေးမှာမြေပဲဆံစျေးက မြေပဲအနီလုံးဆံတစ်ပိဿာကို တစ်ပိဿာ ၈၅၀၀ ကျပ်၊မြေပဲအဖြူလုံးဆံတစ်ပိဿာကို ၈၈၀၀ မှ ၉၀၀၀ ကျပ်၊ မြေပဲဆံအောက်ကျ ( ခွဲခြမ်း) တစ်ပိဿာကို ၇၅၀၀ မှ ၇၇၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။ - မန္တလေးကုန်စည်ဒိုင်မှာတော့ S1 လုံးဆံက ၉၀၀၀ ကျပ်၊ S1 ဆီဆံက ၈၅၀၀ မှ ၈၆၀၀ ကျပ်၊ အနီလုံးဆံ ၈၆၀၀ မှ ၈၉၀၀ ကျပ်၊ အဖြူလုံးဆံ ၉၀၀၀ မှ ၉၂၀၀၀ ကျပ်ရှိနေပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ ဒီတစပတ်မှာ အတက်အကျမရှိ စျေးတန်းငြိမ်နေပါတယ်။ ပဲတီစိမ်းထဲမှာ ရန်ကုန်က ထွက်တဲ့ခရမ်းရွှေဝါက စျေးတန်းအမြင့်ဆုံးဖြစ်ပြီး ပဲခူးရွှေဝါက ဒုတိယစျေးတန်းအမြင့်ဆုံး ဖြစ်ပါတယ်။ လက်ရှိက ဆောင်းပဲအသစ်တွေမပေါ်သေးပါဘူး။ ပဲတီစိမ်းအညာနဲ့ဝါးခယ်မကတော့ စျေးတန်းငြိမ်နေပြီး ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊ ဝါးခယ်မ FAQ က ၄၆၆၅ မှ ၄၆၈၅ ကျပ်၊ ပဲတီစိမ်းအညာ တစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေတာဖြစ် ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၀၀၀၀၀ ကျပ်ရှိပြီးအရင်တပတ်ကထက် ၅၀၀၀ ကျပါတယ်။ - (AMIA) - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 - ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
