အိမ်မှာပဲ ဆီးယိုထိုးစားကြမယ် 🍒🍒🍒
- ဆီးယိုအချို/စပ်ထိုးနည်း - ဆီးသီးခြောက် 300g - ထန်းလျက်က 350g - ဆား အနည်းငယ် - လိမ္မော်ခွံ အနည်းငယ် - ဆီးသီးကို ရေ ဆားအနည်းငယ် ထည့်ပြီးနူးအောင်ပြုတ်ထားပါ။ - ပြုတ်ပြီရေစစ်ထားပါ။ ထန်းလျက်ကို ရေအနည်းငယ်ထည့် ကျိုပါ။ - ကျိုပြီသား အရည်ကို သဲတွေစင်အောင် ရေစစ်နဲ့စစ်ပါ။ - ပြီးနောက် ညောင်းစေးရအောင်ပြန်ကျိုပါ။ ပါးပါးလှီးထားသော လိမ္မော်ခွံ ထည့်ပါ။ - ဆီးသီးပြုတ်ထားတာထည့်မွှေ ပါ။ - ရေခမ်းခါနီး မဆလာထည့်မွှေပါ။ အစပ်စားချင်ပါက ငရုတ် မှုန့် ထည့်ပါ။ - Credit ဆွေဇင် - ဆီးနာနတ်ယို ထိုးနည်း - ဆီးသီးခြောက် နို့ဆီဘူး (၁) ဘူးကို ရေ ဖြင့် ၃ ကြိမ်- ၄ ကြိမ် ခန့် သန့်စင်အောင် ဆေးပါ။ပြီး နောက် ဆား ရည်ထဲ စိမ်ထားပါ။ - ရေ နွေး ဆူဆူ ထဲသို့ ဆားရည်မှ ဆယ်ယူထားသော ဆီးသီးများကို ( ၅) မိနစ် ခန့် ပြုတ်ပါ။ အအေး ခံပါ - ထန်းညှက်ခဲ (၁၅ -၂၀) ခန့်ကို ကျိုပါ။ ဆားအနည်းငယ်ထည့်ပါ။ အိုးမှချ ပြီးလျှင် ရေစစ်ဖြင့် စစ်ပါ။ - ပြုတ်ပြီးသား ဇီးသီးကို အညှာ ချွေ သန့်စင်အောင် လုပ်ပါ။ ဆီးသီး လေးများကို အရသာဝင်စေရန် အနည်းငယ်မွန်းပါ။ပြီးနောက် ဆီးသီး ပြုတ် အသန့် ကို အိုးထဲသို့ အရင်ထည့်ပါ။ ထန်းညှက်ရည် နှင့်ဆား ထည့်ပါ။အချိုကြိုက်လျှင် ပိုထည့်ပါ။ - အရသာနှံ့အောင် အထက်အောက် မွှေပါ။ ( ၄၅- ၆၀ ) မိနစ် ခန့် နှံ့အောင် မွှေပြီးနောက် နာနတ်သီး စိပ်များ ထည့်ပါ။ - အရသာ စမ်းကြည့် ပြီးနောက် ထန်းညှက်ရည် ၊ ဆား ထည့်ပါ။ မွှေပါ။ - နာနတ်သီးနှင့် ဆီးသီးများ ပျော့လာပြီး အရောင်ပြောင်းလာပြီဆိုပါက မဆလာ၊ အစပ်ကြိုက်ပါ ငရုတ်မှုန့်ထည့်ပါ။ - အရသာနှံ့စပ်အောင် ( ၃-၄) မီနစ် ခန့် ထပ်မွှေပါ။ - စေးကပ်လာပြီး မိမိကြိုက်သော အခြေအနေရောက်လျှင် အအေးခံ စားသုံးနိုင်ပါသည်။ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
