ပဲခူးတိုင်း ဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 30°C မှ ညအပူချိန် 16°C အထိ လျော့ကျနိုင်ပြီး အေးမြကြည်လင်သာယာနိုင်ပါတယ်။ - Weather Source: Su Su San - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ စိုက်တောင်သူများထံသို့…. - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - · ဇန်နဝါရီလရောက်တာနဲ့ မြေအစိုဓာတ်လည်းဆုတ်လာချိန်၊ အအေးပိုအပူချိန်ကျလာချိန်တွင် အပင်ဖြစ်ထွန်းချိန်ကုန်ပြီး အသီးအပွင့်ဖြစ်ထွန်းချိန်ရောက်လာပါပြီ။ - · အအေးပို၊ အပူချိန်လျော့တာကြောင့် ဝတ်မှုန်ကူးအောင်မြင်သော်လည်း အသီးမတင်၊ သီးတောင့်သေးငယ်တာတွေ ကြုံရတတ်ပါတယ်။ - · အအေးဒဏ်ကြောင့် အရွက်ရဲ့လေရှုပေါက်များကောင်းမွန်စွာ မပွင့်နိုင်တဲ့အချိန် ဓာတုဆေးများ အလွန်အကျွံဖျန်းခြင်းကို ရှောင်ပေးပါ။ - · ပိုတက်စီယမ်နိုက်ထရိတ် ၊ Nitrogen (နိုက်ထရိုဂျင်ရွက်ဖျန်း)၊ EM ၊ Salicylic acid ၊ 0.2% ဘိုရွန် စတဲ့ အာဟာရတွေကို အဓိကဖြည့်စွက်ပေးနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - အအေးပိုလာတဲ့အတွက် ကန်ရေအပူချိန် ကျဆင်းလာနိုင်ပြီး အစာကျွေးခြင်းကို မနက် ၉:၀၀ နာရီ နောက်ပိုင်းတွင် ဆောင်ရွက်ရန်၊ - အစာကျွေးရာတွင် မနက်ပိုင်း ၄၀ ရာခိုင်နှုန်း၊ ညနေပိုင်း ၆၀ ရာခိုင်နှုန်းကျွေးရန်၊ - ယခုလို ရာသီအကူးအပြောင်းမှာ ကန်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပြီး ငါးအနီစက်ရောဂါ များကျတက်သဖြင့် ဂရုစိုက်ရန်၊ - ငါးအနီစက်ရောဂါကျပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
