ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၁၆ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် - မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပါဘူး။ - ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - · ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - · ငါးမှုန်ငါးသန်မွေးမြူရာတွင် ရေအနက် ၃ ပေအထိသာ ထားရန်၊ - · ငါးရိုင်းများဖယ်ရှားရာတွင် ရိုတီနုံးဆေး သုံးရန်၊ - · ရိုတီနုံးမသုံးလိုပါက ကန်ရေသွင်းရာတွင် ရေစစ်ဖြင့် သွင်းရန်၊ - · ငါးမှုန်များကို အစာကျွေးရာတွင် ပဲဖတ်ကို အရည်ဖျော်၍ အကြိမ်ရေများများဖြင့် နည်းနည်းစီကျွေးရန်၊ - · ငါးအနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများ ကျရောက်လာပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန် သို့မဟုတ် အမောက်စလင်ဆေးတောင့်ကို ရေဖျော်၍ ထည့်ပေးရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
