တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- ( ၁၃. ၁ . ၂၀၂၅ မှ ၁၇. ၁. ၂၀၂၅) - မတ်ပဲ - မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးက ထပ်မံကျဆင်းပြီး တစ်တန်ကို ၁၈၀၀၀၀ ကျပ်လောက် စျေး ကျသွားပါတယ်။ - အိန္ဒိယမှာလည်း မတ်ပဲက စျေးကျပြီး မြန်မာကနေလည်း ပဲအဝယ်အေးတဲ့အပြင် မြန်မာမှာလည်း မတ်ပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှု ရှိနေတာကြောင့်လည်း စျေးကျနေတာ ဖြစ်ပါတယ်။ - ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၀၁၀၀၀၀၀ ကျပ်စျေးတန်း သာရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၁၉၅၀၀၀ ကျပ်ရှိခဲ့ပါတယ်။ - မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၅၀၀၀၀ မှ ကျပ်သာ ရှိပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပြည်ကုန်စည်ဒိုင်နဲ့ ဟင်္သာတကုန်စည်ဒိုင်တွေမှာတော့ ပိဿာ ၂၀ ကို ၉၀၀၀၀ ကျပ်ကျော်သာ ရှိပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ၁၅၀၀၀၀ ကျပ်လောက် စျေးထပ်ကျလာပါတယ်။ - ပြည်တွင်းမှာ ပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစင်းငုံ က စျေးကျဆင်းနေတာ ဖြစ်ပါတယ်။ - ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို ၂၉၂၀၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၀၇၅၀၀၀ကျပ် ရှိပါတယ်။ - ၂ လ ကျော်ကြာ ဈေးမဖွင့်တဲ့ မန္တလေးစျေးကွက်မှာတော့ ပဲစင်းငုံနီကို ပိဿာ ၆၀ ကို ၂၇၅၀၀၀ မှ ၂၇၄၀၀၀ ကျပ် စျေးဖွင့်ထားတာ တွေ့ရပါတယ်။ - ပြောင်း - ပြောင်းကတော့ အခု တစ်ပတ်မှာလည်း စျေးအနည်းငယ် ကျရိပ်ပြလာပါတယ်။ - ပြောင်းဆံကို အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံအချို့က ဝယ်လိုအားရှိပေမယ့်လည်း စျေးကတော့ အရင်အပတ်မှာလည်း တစ်ပိဿာကို ၁၀ ကျပ်ကျခဲ့သလို အခုအပတ်မှာလည်း ၁၀ ကျပ် ထပ်ပြီး ကျဆင်းပါတယ်။ - စျေးကျပေမယ့် ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ပုံမှန်အဝယ်ရှိနေနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၄၀ မှ ၁၆၆၀ ကျပ် ရှိပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၉၀၀၀ မှ ၈၀၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်ထပ်ကျလာပါတယ်။ - နှမ်းမျိုးစုံ - ဒီတစ်ပတ်မှာ စမုံ နှမ်းနက်က စျေးကျရိပ်ပြပြီး နှမ်းဖြူက စျေးတက်လာကာ နှမ်းညိုက စျေးငြိမ်နေပါတယ်။ - မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းဖြူက ဆောင်းနှမ်းအဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ် ပုံမှန် ရှိခြင်းကြောင့် စျေးတက်လာပါတယ်။ - နှမ်းညိုက အသစ်အဝင် နည်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရင်အပတ် က စျေးအတိုင်း ငြိမ်နေတာဖြစ်ပါတယ်။ - နှမ်းနက် (စမုံ)ကတော့ အရည်အသွေး ပေါ်လိုက်ပြီး လုပ်ငန်းသမားနဲ့ တရုတ်ဝယ်လက်အဝယ်နည်းလို့ စျေးကျရိပ်ပြလာတာဖြစ်ပါတယ်။ - စမုံ နှမ်းနက်သုံးတင်းတစ်အိတ်ကို ၆၂၀၀၀၀ မှ ၆၉၀၀၀၀ ကျပ်အတွင်းရှိလို့ အရင်အပတ်ကထက် ၁၅၀၀၀ ကျပ်လောက်ကျလာပါတယ်။ နှမ်းညိုကတစ်အိတ်ကို ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ကျပ်နဲ့ စျေးငြိမ် ပါ တယ်။ - နှမ်းဖြူဗမာက တစ်အိတ်ကို ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်ရှိလို့ အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်တက်လာပါတယ်။နှမ်းဖြူ ဂျပန်ကစျေးဖွင့်ထားခြင်းမရှိပါဘူး။ - (AMIA) - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
