အစားအသောက်များ ထိန်းသိမ်းနည်း (၁၂) မျိုး
- အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းလေးတွေက မိမိတို့ အိမ်မှာ အသုံးပြုနိုင်တဲ့ အပြင် အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ များသောအားဖြင့် တွေ့ရနိုင်တဲ့ နည်းလမ်းလေးများဖြစ်ပါတယ်။ - Pickling အချဥ်စိမ်ခြင်း - ရှာလကာရည်ဖြင့် တာရှည်ခံအောင် တားခြင်း။ - ရှာလကာရည်တွင် ပါဝင်သော Acetic acid ၏ ရောဂါပိုးမွှားကြီးထွားမှုကို ဟန့်တားပေးသော လုပ်ဆောင်ချက်ကြောင့် အသား၊ ဟင်းသီးဟင်းရွက်များကို တာရှည်ခံအောင်ထိန်းသိမ်းပေးသည်။ - Salting ဆားနယ်ခြင်း။ - ဆားကို အသုံးပြု၍ ငါး၊ အသားအမျိုးမျိုး ကို တာရှည်ခံအောင် ထားခြင်း။ - ဆားရည်သည် ရောဂါပိုးမွှားများကြီးထွားမှုကို ဟန့်တားသည်။ - Smoking မီးခိုးမှိုင်း (သို့) ကြပ်ခိုးရိုက်ခြင်း - ငါးနှင့် အသားများကို မီးခိုးမှိုင်း ( သို့) ကြပ်ခိုရိုက်ခြင်းသည် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ပျက်စီးခြင်းကို ကာကွယ်ပေးသည်။ - သစ်သားမီးခိုးတွင် ရောဂါပိုးမွှားဆန့်ကျင်ရေးနှင့် တိရိစ္ဆာန်အဆီကို နှေးကွေးစေသော ဒြပ်ပေါင်းများစွာပါရှိသည်။ - Canning စည်သွပ်ခြင်း - စည်သွပ်ခြင်းဆိုသည်မှာ အပူချိန်မြင့်မားသော လေလုံသော ကွန်တိန်နာတစ်ခုတွင် အစားအစာပါဝင်မှုကို ပြုပြင်ပြီး အလုံပိတ်သော အစားအစာကို ထိန်းသိမ်းသည့်နည်းလမ်းဖြစ်သည်။ အထူးသဖြင့် အသား၊ ငါး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များ ကဲ့သို့သော အစားအစာများ ကာလရှည်စွာ ထိန်းသိမ်းထားနိုင်သည်။ - Bottling ပုလင်းသွင်းခြင်း - စည်သွပ်ခြင်း ကဲ့သို့ပင် နို့၊ ဝိုင် နှင့် အဖျော်ယမကာ အမျိုးမျိုးတို့အား အပူချိန်မြင့်မားသော လေလုံသော ပုလင်းတစ်ခုတွင် အစားအစာပါဝင်မှုကို ပြုပြင်ပြီး အလုံပိတ်သော အစားအစာကို ထိန်းသိမ်းသည့် နည်းလမ်း ဖြစ်သည်။ - Pasteurization အပူအအေး စီးကြောင်းများ အသုံးပြုခြင်း - နွားနို့ကဲ့သို့ အဖျော်ယမကာများ တာရှည်ခံစေရန် အပူ အအေး စီးကြောင်းတွင်းဖြတ်ကာ ဘတ်တီးရီးယားကဲ့သို့ ရောဂါပိုးမွှား ပေါက်ဖွားမှုကို Low Temperature Holding ( LTH), Hight Temperature Short Time Method (HTSTH) ကဲ့သို့သော အပူချိန်များဖြင့် ထိန်းချုပ်သည့် နည်းလမ်းဖြစ်သည်။ - Refrigerator ရေခဲသေတ္တာ (သို့) အအေးခန်း - အစားအစာကို အပူချိန်နိမ့်သော သို့မဟုတ် အေးသောနေရာတွင် ထားခြင်း။ ယေဘုယျအားဖြင့် အခန်းအပူချိန် -18°C ရှိသော ရေခဲသေတ္တာထဲတွင် 4°C သည် အစားအစာများမပျက်စီးအောင် ထားနိုင်သည်။ အသားနှင့်ငါးများကို သိမ်းဆည်းရန်အတွက် - 60°C အပူချိန်ရှိသော အလွန်အေးသည့် ရေခဲသေတ္တာများသည် ကောင်းမွန်သည်။ - Sterilization ပိုးသတ်/သန့်ခြင်း - အစားအစာတွင် ပေါက်ဖွားတတ်သော အဏုဇီဝပိုးမွှားများ ဖယ်ရှားရန် အပူချိန် 100 °C တွင် ဆူပွက်လာအောင် အပူပေးခြင်း။ - Dehydration ရေဖယ်ထုတ်ခြင်း - အလွယ်ကူဆုံးနှင့် အသက်သာဆုံးနည်းလမ်းဖြစ်သည်။ ရေဖယ်ထုတ်၍ အခြောက်ခံခြင်းဖြင့် ရောဂါပိုးမွှား ပေါက်ဖွားမှု့ကို တားဆီးပေးသည်။ ဥပမာ- ငါးခြောက်၊ အသီးခြောက်၊ အသားခြောက် - Lyophilization (Freeze Drying) အေးခဲနည်းဖြင့်ခြောက်သွေ့ခံခြင်း - လေဟာနယ်အောက်တွင် ထုတ်ကုန်များကို လျင်မြန်စွာ အေးခဲပြီးနောက် ရေထုတ် အခြောက်ခံခြင်းသည် ဝေးလံသောနေရာများသို သယ်ယူပို့ဆောက်ရာတွင် ဘက်တီးရီးယားပွားများမှုကို ထိန်းချုပ်ပြီး တာရှည်ခံအောင်ထိန်းသိမ်းပေးသည်။ - Chemical additives ဓာတုပစ္စည်းများ အသုံးပြုခြင်း - အစားအစာ ဖြည့်စွက်ပစ္စည်းများသည် အရသာ ထိန်းသိမ်းရန် သို့မဟုတ် ပုံပန်းသဏ္ဍာန်ကို မြှင့်တင်ရန် ဖြစ်ပြီး ဓာတုဖြည့်စွက်ပစ္စည်းများသည် ယိုယွင်းပျက်စီးခြင်းမှ ကာကွယ်ရန် အစားအစာတွင် ထည့်ထားသော အရာများဖြစ်သည်။ စျေးကွက်တွင် တရားဝင် အသုံးပြုနိုင်သော ပစ္စည်းများမှာ - Acetic acid, Lactic acid, Benzonic acid) - Radiation ဓာတ်ရောင်ခြည်ပေးခြင်း - UV rays - ခရမ်းလွန်ရောင်ခြည်၊ Beta rays (ဘီတာရောင်ခြည်) နှင့် Gamma rays (ဂမ်မာရောင်ခြည်) များကို အစားအစာထိန်းသိမ်းရာတွင် ပိုးမွှားကြီးထွားမှုကို ထိန်းချုပ်ရန်နှင့် ဟန့်တားရန်အတွက် တွင်ကျယ်စွာ အသုံး ပြုသည်။ - ထွက်တိုး - Reference: 10 Methods of Food Preservation with Example | Food Microbiology - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 
 
 
 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
