စပါးဈေးတိုးဝယ်သော်လည်း ရောင်းမည့်သူမရှိဟုဆို
- နေပြည်တော်တွင်စပါးဝယ်လက်များက ဈေးတိုးဝယ်သော်လည်း စပါးရောင်းမည့်သူသိပ်မရှိကြောင်း စပါးဝယ်မည့်သူများထံမှသိရပါတယ်။ - “စပါးတွေရိတ်ပြီးကြလို့ တောင်သူတွေဆီစပါးဈေးတိုးဝယ်ပေမဲ့ ဒီနှစ်ကစပါးရောင်းတဲ့သူသိပ်မရှိကြဘူး။ ရတဲ့စပါးလေးတွေကို သိမ်းထားကြတာများတယ်”ဟုစပါးဝယ်လက်တစ်ဦးက ပြောပါတယ်။ - ပြီးခဲ့သည့်မိုးကာလတွင် နေပြည်တော်တစ်ဝန်းရေကြီးရေလျံမှုများကြောင့် စပါးခင်းများစွာပျက်စီးခဲ့ရပြီး စပါးခင်းအနည်းအငယ်သာကျန်ရှိသဖြင့် စပါးစိုက်တောင်သူများအရှုံးပေါ်ခဲ့ကြတယ်လို့ဆိုပါတယ်။ - “ပြီးခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေမှာ စပါးခင်းတွေ အများကြီးရေနစ်ခဲ့တာ၊ ရေကနစ်ရုံတင်မကဘူး စပါးပင်တွေပါ နူံးတွေဖုံးကြတော့ တောင်သူတွေ ကိုယ့်လယ်ကွက်ကိုတောင် မနည်းပြန်ဖော်ရတာ။ နောက်တောင်သူတွေ အိမ်မှာလှောင်ထားတဲ့ စပါးတွေတောင် ရွာတွေထဲအထိရေတွေဝင်တော့ စပါးတွေအတော်များရေမြုပ်တဲ့အထဲ ပါသွားကြတာတွေရှိတယ်။ စပါးစိုက်တောင်သူတွေလက်ထဲမှာ စပါးမရှိဘူး။ ဈေးတိုးပေးလည်းရောင်းဖို့ မပြောနဲ့စားဖို့တောင်မရှိဘူး။ ကျန်တဲ့စပါးခင်းတွေကလည်းစပါးအရနည်းတော့ ဝမ်းစာထားရတော့ ရောင်းမဲ့သူမရှိဘူး ”ဟုစပါးစိုက်တောင်သူတစ်ဦးမှပြောပါတယ်။ - ယခင်နှစ်များက စပါးဝယ်ဈေး တင်း၁၀၀လျှင် သိန်း၂၀အထိ သာဈေးပေါက်ခဲ့သော်လည်း ယခုနှစ်တွင် ၂၃သိန်း/၂၄သိန်းအထိ ဈေးတိုးပေးကာ ဝယ်နေကြကြောင်း သိရပါတယ်။ - ဘော်ဘော်(နေပြည်တော်) - Opinion Leaders မှ ကူးယူဖော်ပြပါသည်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
