အဖြစ်များတဲ့ ငါးအနီစက်ရောဂါ ကာကွယ်နှိမ်နင်းနည်း
- ငါးအနီစက်ရောဂါဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ Hemorrhagic Septicemia ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ခန္တာကိုယ်၊ ဆူး တောင်နဲ့ ပါးဟပ်တွေမှာ အနီစက်တွေ တွေ့ရတတ်ပါတယ်။ အရမ်းဆိုးရွားရင် ကိုယ်အတွင်း သွေးယိုစိမ့်သလိုမျိုး မြင်ရတတ််ပါတယ်။ - ရောဂါလက္ခဏာ - အဲရောဂါကျလာပြီဆိုရင်တော့ အနီစက်တွေတွေ့ရတာ၊ လှုပ်ရှားမှုနှေးလာတာ၊ အစာ စားနည်းလာတာ၊ ဆူးတောင်တွေမဖြန့်တော့တာ၊ ကူးခက်တာ ပုံသဏ္ဍာန်မမှန် တော့တာတွေ ဖြစ်တက်ပါတယ်။ - ဖြစ်စေတဲ့အကြောင်းအရင်း - အနီစက်ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ - (၁) ရေအရည်သွေးညံ့ခြင်း၊ ရေထဲမှာ အမိုးနီးယား၊ နိုက်ထရိုက်နဲ့ နိုက်ထရိတ် တွေများနေခြင်း - (၂) စိတ်ဖိစီးမှုများခြင်း၊ ခုခံအားစနစ်ကျဆင်းနေခြင်း - (၃) ရောဂါရှိတဲ့ငါးကို ကန်ထဲထည့်သွင်းမိခြင်း - (၄) အစာကို မှန်ကန်ပြည့်စုံတဲ့ အနေအထားနဲ့ လုံလုံလောက်မစားသုံးရခြင်း၊ အာဟာရမစုံခြင်း - ကာကွယ်ကုသခြင်း - ငါးအနီစက်ရောဂါ မဖြစ်အောင်နဲ့ ဖြစ်လာရင်ကုသလို့အောင် အောက်ပါအချက်တွေ လုပ်ဆောင်ပေးသင့်ပါတယ်- - ၁။ ပဋိဇီဝဆေးဝါးများအသုံးပြုခြင်း - ၂။ ဆားသုံးခြင်း - ၃။ ဆေးဝါးများအသုံးပြုခြင်း (ဥပမာ- တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးခြင်း) - ၄။ ကန်ကို သန့်စင်ပေးခြင်း - ၅။ ရောဂါကျနေတဲ့ငါးတွေကို သီးသန့်ထားရှိခြင်း - ၆။ အာဟာစုံတဲ့အစာကို လုံလုံလောက်ကျွေးခြင်း - ၇။ ရေအရည်အသွေးကောင်းအောင်လုပ်ခြင်း - ၈။ ပြွတ်သိပ်မနေအောင်ထားခြင်း - ၉။ ရေအပူချိန်ထိန်းပေးခြင်း - ၁၀။ အစာအလွန်အကျွံကျွေးတာကို ရှောင်ရှားခြင်း - Source: https:// www.davidsaquariumadvice.com/treat-red-spot-disease-in-fish/ - ထွက်တိုး 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
