မန္တလေးဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မန္တလေးတိုင်းဒေသကြီးတွင် မတ်လ ၁ရက်နေ့မှ ၇ရက်နေ့အထိ ရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရရှိစေပါလိမ့်မယ်။ - Source: Su Su San - လက်ရှိရာသီဥတုအခြေနေအရ ခရမ်းချဉ်ပင်များတွင် ရွက်ထွင်းပိုးကျရောက်နိုင်ပါတယ်။ - ရွက်ထွင်းပိုးကျရောက်ပါက- - • ပိုးကျရောက်နေသော အပင်အစိတ်ပိုင်းများကို ဖယ်ရှားပြီး မြေထဲသို့မြုပ်ပေးပါ။ - • အပြာရောင် စေးကပ်ထောင်ခြောက် (Blue Sticky Traps) များအသုံးပြု၍ အကောင်ကြီးများကို ဖမ်းပါ။ - • တမာပိုးသတ်ဆေး အသုံးပြုပါ။ - • စိုက်ခင်းအတွင်း အစိုဓာတ်အသင့်အတင့်ရအောင်လုပ်ပေးပါ။ - • ပုလဲ(နိုက်ထရိုဂျင်)မြေသြဇာလွန်ကဲစွာအသုံးပြုမူကိုရှောင်ရှားပါ။ - • ဓာတုဆေးဝါးဖြင့် Abamatin(အဘာမက်တင်) Emamectin Benzoate(အီမာမက်တင်ဘန်ဇိုအိတ်) Indoxacarb (အင်ဒိုဇာကပ်) Flubendiamide(ဖလူဘန်ဒိုင်ယာမိုက်) Chlorantranilipole(ကလိုရန်ထရန်နီလီပရိုး) များကို သုံးစွဲပါ။ - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - • ရေဩဇာတက်နေပါက အစာကို လျော့ကျွေးပေးရန်၊ - • ကန်ရေပေါ် ရေညှိများရှိနေပါက ဖယ်ရှားပေးရန်၊ - • ကန်ရေ သံချေးရောင်ဖြစ်နေပါက ကန်ရေရဲ့ ၃ ပုံ ၁ ပုံကို ထုတ်ပြစ်ပြီး ရေသစ်လဲပေးရန်၊ - • ပျော်ဝင်အောက်ဆီဂျင်တက်စေရန် ချိန်းဆွဲပေးရန်၊ - • မျိုးငါးကန်များအနေဖြင့် အစာအကြွင်းအကျန်များ ကန်ခြေမစုပုံမိစေရန်၊ - • အမိုးနီးယားဓါတ်အဆိပ်တောက်မဖြစ်စေရန် ကန်အောက်ခြေရှိ အနယ်အနစ်များကို ဖယ်ရှားရန်၊ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
