ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅ မတ်လ ၆ ရက်နေ့မှ ၁၅ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပါဘူး။ ရာသီဥတုကောင်းမွန်ကြည်လင်သာယာစေနိုင်ပါတယ်။ - Weather Source: Su Su San - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် ငါးဖမ်းခြင်း ဆောင်ရွက်ကြပါသည်။ အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်းတို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။ ထို့ကြောင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်- - ၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် အချိန်ပါက ပိုက်အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။ - ၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။ - ၄။ ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။ - ၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
