ခရမ်းသီးမီးဖုတ်သုပ်
- ခရမ်းသီးဟာ ဗီတာမင်နှင့် အမျှဉ်ဓာတ်တွေ များစွာပါဝင်ပါတယ်။ - ကိုယ်တွင်း အဆိပ်အတောက်တွေဖယ်ရှားပေးပြီး နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ - သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုသမားများအတွက်သင့်တော်တဲ့ အစားအစာ တစ်မျိုးပါ။ - ဒီလိုအားသာချက်တွေများစွာရှိတာကြောင့် ထွက်တိုးတောင်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိတဲ့ ခရမ်းသီးမီးဖုတ်သုပ်နည်းကိုဖော်ပေးလိုက်ပါတယ်။ - ခရမ်းသီးအရှည်မျိုး.........၂လုံး - ကြက်သွန်နီ....................၂လုံး - ကြက်သွန်ဖြူ..................၅တက် - ငရုတ်သီးစိမ်း.. ...............၃တောင့် - နံနံပင်.............................၃ပင်ခန့် - ကြက်သွန်မြိတ်……………၃ပင် - ခရမ်းသီးကိုရေဆေးသန့်စင်ပြီး..မီးအေးအေးမှာဇကာလေးခံပြီးလှည့်ကင်ပေးပါ။ - ကြက်သွန်နီ တစ်လုံးနှင့်ကြက်သွန်ဖြူကိုနနွင်းလေးမနည်းငယ်နှင့်ဆီချက် ချက်ထားပါ။ - ကျန်တဲ့ကြက်သွန်နီ၁လုံးနံနံပင်နှင့်ငရုတ်သီးစိမ်းတို့ကိုပါးပါးလှီးပါ။ - ကြက်သွန်မြိတ်ကိုတော့အလှဆင်ရင်ခပ်စောင်းစောင်းလှီးပေးပါ။ - မီးဖုတ်ထားတဲ့ခရမ်းသီးကိုမိမိနှစ်သက်သလိုအရွယ်တော်အတုံးငယ်လေးများတုံးပြီးကြက်သွန်နီစိမ်း၊ငရုတ်သီးစိမ်း၊နံနံပင်၊ဆီချက်နှင့်အရသာထည့်ကာသမသွားအောင်နယ်ပေးပါ။ - ကြက်သွန်မြိတ်လေးအလှဆင်ပြီးသုံးဆောင်ပါ။ - Resource : Asia Shwe Gabar Myae (Blog) - ------------ - 'ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
