တမာ ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့
- တမာက အရွက်တင် စားလို့ရတာမဟုတ်ဘဲ ကိုင်းရဲ့အရိုးကိုလည်း ဆေးဖော်စပ်တဲ့အထဲ ထည့်တတ်ကြသလို သွားနဲ့ခံတွင်းအတွက် ကောင်းလို့ ဟိုးယခင်ကတည်းက တမာကိုင်းနဲ့ သွားတိုက်တာလည်း ရှိပါတယ်။ - ဒီလောက်ထိကို တမာရွက်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ - (၁) ကိုယ်အလေးချိန် ကျစေနိုင်တယ် - တမာပွင့်တွေက ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွင်းကာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကိုရဖို့ အားပေးကူမှာ ဖြစ်ပါတယ်။ - (၂) သွေးတွင်းသကြားဓာတ် ထိန်းနိုင်တယ် - တမာရွက်က insulin receptor ရဲ့ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ချဲ့ပေးနိုင်လို့ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ - (၃) ကင်ဆာကုသမှုကို အထောက်အကူပေးတယ် - တမာရွက်မှာပါတဲ့ Glyco-protein (NLGP) ပရိုတင်းက အကျိတ်ဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးပါတယ်။ - (၄) မှိုပိုး ကုသနိုင်တယ် - ခြေဖနောင့်ကွဲတာ၊ သန် ကောင်ပိုးဝင်တာနဲ့ တခြား မှိုပိုး ကူးစက်ခံရတာတွေ ဖြစ်ဖူးပါသလား။ တမာရွက်က nimbidol နဲ့ gedunin ပါဝင်မှုကြောင့် မှိုပိုးတွေကို သေစေပါတယ်။ - (၅) သန်းသေစေတယ် - တမာရွက်ဟာ ခေါင်းမှာ သန်းတွယ်ရင်လည်း သန်းကိုသေစေဖို့ အသုံးဝင်ပါသေးတယ်။ တမာရွက်အစိမ်းကို အနည်းငယ်ထောင်းပြီး ရတဲ့အရည်နဲ့ ဆံသားကို လျှော် လို့ရပါတယ်တဲ့။ - (၆) ခြင်ဆေးအဖြစ် သုံးနိုင်တယ် - တမာဆီနဲ့ အုန်းဆီကို ဆတူရောပြီး အရေပြားမှာ လိမ်းပေးရင် ခြင်မကိုက်ပါဘူးတဲ့။ - (၇) အရေပြားပြဿနာ ကုသနိုင်တယ် - အသားအရောင် မညီတာ၊ အသားခြောက်တာနဲ့ တခြား အရေပြားပိုးဝင်ခြင်းပြဿနာတွေအတွက် တမာရွက်က ဖြေရှင်းပေးနိုင်ပါတယ်။ ဘက်တီးရီးယားသေစေပြီး မှိုပိုးကို နှိမ်နင်းနိုင်စွမ်းရှိတာကြောင့် ယားယံတာတွေကို သက်သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ - ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတဲ့အပြင် သဘာဝ moisturizer နဲ့ toner အဖြစ် စွမ်းဆောင်နိုင်ပါတယ်။ - (၈) ခံတွင်းပြဿနာတွေ ကာကွယ်နိုင်တယ် - အိန္ဒိယကျေးလက်မှာဆို သွားတိုက်ဆေးနဲ့ သွားပွတ်တံအစား တမာ ကိုင်းကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ - ပိုးသေစေတဲ့အာနိ သင်ကြောင့် သွားဖုံးရောဂါ၊ သွားကိုက်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ ပါးစပ်အနာဖြစ်ခြင်းတွေ အတွက် အသုံးဝင်လှပါတယ်။ သွားတွေ ဖြူစင် လှပစေဖို့လည်း သဘာဝဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ - (၉) ဝမ်းကိုက်ခြင်းကို ကုသနိုင်တယ် - တမာရွက်က ပဋိဇီဝဆေးဖက်ဝင် အာနိသင်ကြောင့် amoebiasis ပိုးဝင်တဲ့ ဝမ်းကိုက်ရောဂါကို ကုသနိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်ခဲ့ရင် တမာရွက်အဆီအနှစ်ကို ဗိုက်မှာလိမ်းပေးရင် အူရောင်ခြင်း နဲ့ ဗိုက်အောင့်ခြင်းကို သက်သာ စေနိုင်ပါတယ်။ - သတိထားဖို့ အရေးကြီးတဲ့အချက် - တမာကို စားမယ်၊ အရည်ကြိတ်သောက်မယ်၊ ပြုတ်သောက်မယ်ဆိုရင် အရွယ်ရောက်ပြီးသူတွေအတွက် ခဏတာတော့ ဘေးကင်းနိုင်ပါတယ်။ ကလေးတွေကို မတိုက်ကျွေးသင့်ဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။ - တမာကို ပမာဏ များများ၊ အချိန်ကြာကြာ စွဲမသောက်သင့်ပါဘူး။ ကိုယ်ခံအားကိုတော့ တိုးစေနိုင်ပေမယ့် ကိုယ်ခံအားပြန်လည်တိုက်ခိုက်တဲ့ autoimmune ရောဂါတွေ (ဥပမာ- လေးဖက်နာ အဆစ်ရောင်ရောဂါ) ရှိသူတွေအတွက် သတိထားဖို့အရေးကြီးပါတယ်။ - ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ပြုတုံ့ပြန်မှုတွေလည်း ရှိလာနိုင်တာမို့ သတိထားသင့်ပါတယ်။ - ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အန္တရာယ်ရှိတာမို့ ကိုယ်ဝန်ရှိသူတွေ တမာဆေးဝါး၊ တမာကြိတ်ရည်၊ တမာပြုတ်ရည်ကို မသောက်သုံးသင့်ပါဘူး။ - တမာက ဆီးချိုကိုကျစေနိုင်တယ် ဆိုတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ပမာဏများများကို မစားသင့်၊ မသောက်သင့်ပါဘူး။ ဆရာဝန်ညွှန်တဲ့ ဆီးချိုကျဆေးတွေနဲ့ ပေါင်းမိရင် သွေးတွင်းသကြား. - ဓာတ်ကျဆင်းမှု လွန်ကဲနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ - တမာကို စားသုံးမှု လွန်ကဲရင် ကျောက်ကပ်နဲ့ အသည်းကို ပျက်စီးစေနိုင်တယ်၊ သုက်ပိုးအရေအတွက် လျော့နည်းစေနိုင်တယ်လို့လည်း သိရပါတယ်။ - ကျန်းမာရေး page မှ ကူးယူ၍ ပြန်လည်မျှဝေပေးအပ်ပါသည်။ - 'ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
