ငါး၊ ပုစွန်များ အဆီဓာတ်တိုးပြီး ဆီးချေးနံ့ကြောင့်ပျက်စီးခြင်း
- (၁) ငါးပုစွန်တွင်ပါသော ဆီများသည် ဆီကျဲမျိုးဖြစ်သည်။ - (၂) လေ၊ အလင်းရောင်၊ အပူဓာတ်၊ ဆားတို့နှင့် အဆီတွေ့လျှင် အချိန်ကြာလျှင် ဆီချေးနံ့ ထွက်လာပါသည်။ - (၃) အဆီဓါတ်ကိုလျှော့နည်းစေရန် ဗိုက်ခွဲ အူထုတ်ပြီး ဗိုက်သားလှီးဖြတ်ထုတ်ရန်လိုပါသည်။ - အချုပ်အားဖြင့် ကိုယ်တွင်း ပျက်စီးမှုများတွင် ငါး၊ ပုစွန်ကုန်ကြမ်း/ကုန်ချော တို့တွင် အောက်ပါ အရည် အသွေးမကောင်းသည့် လက္ခဏာများ တွေ့ရှိရပါမည်။ - (၁) အရောင်ပြောင်းလဲခြင်း - (၂) အနံ့ဆိုးများထွက်ခြင်း - (၃) အရသာမကောင်းခြင်း - (၄) အသားပျော့လာတတ်ခြင်း - (၅) အကျိ အချွဲ ပေါ်လာခြင်း - (၆) အလေးချိန် လျှော့လာခြင်း - (၇) ကိုယ်ခန္ဓာ ရုပ်အနေအထားပျက်စီးလာခြင်းတို့ဖြစ်ပါသည်။ - ငါးလတ်ဆတ်မှု လက္ခဏာများ - (၁) ကိုယ်ခန္ဓာအနေအထား တောင့်တင်းမာကျောမှု့ရှိခြင်း - (၂) အကြေးခွံ (သို့မဟုတ်)အရေပြားသည် မူလ အရောင်အဆင်းအတိုင်းရှိနေခြင်း - (၃) အကျိ အချွဲ ပါးပါးလွှာလွှာအုပ်လျက် အနေအထားရှိခြင်း - (၄) ပါးဟပ်မှ သွေးပုတ်များ ယိုစီး ထွက်လာခြင်း မရှိခြင်း - (၅) မျက်စေ့အိမ်အတွင်းမှ မျက်စေ့ပြူထွက်နေခြင်း - (၆) မျက်စေ့အလုံးအဝိုင်း တင်းပြောင်နေခြင်း - (၇) သူငယ်အိမ်နှင့် မျက်ကြည်လွှာ မူလအရောင် မပျက်ခြင်း - (၈) ပါးဟပ်တန်နှင့်ပါးဟက်မျှင်များ နီရဲနေခြင်း - (၉) ပါးဟပ်တန်နှင့် ပါးဟက်မျှင်ပေါ်တွင် အကျိအချွဲ ပါးပါးလွှာလွှာအုပ်နေခြင်း - (၁၀) ပါးဟပ်တန်နှင့် ပါးဟက်မျှင်မှ အနံ့မထွက်ခြင်း - (၁၁) ပါးဟပ်တန်နှင့် ပါးဟက်မျှင် စေးထန်းကြမ်းထော်လာမှု့ မရှိခြင်း - (၁၂) အသားမာကျောပြီး လက်နှင့်ဖိကြည့်လျှင် လက်ရာထင်ကျန်မှု မရှိခြင်း - (၁၃) အသား အပုတ်နံ့မထွက်သေးခြင်း - (၁၄) အသားပိုင်းဖြတ်လေ့လာပါက အသားထုတ်မပျက်စီးသေးခြင်း - (၁၅) အသားနီရဲပြီး၊ သွေဝင်မှု့အခြေအနေမရောက်သေးခြင်း - (၁၆) ဝမ်းဗိုက်သား အထူး မပျော့သေးခြင်း - (၁၇) ကိုယ်တွင် အစာအိမ်လမ်းကြောင်း ပုံစံမျပက်ရှိနေသေးခြင်း - (၁၈) ကိုယ်တွင် အစာအိမလမ်းကြောင်း မှ အနံမထွက်သေးခြင်း - ငါး ပုစွန်များကို အအေးဓာတ်ဖြင့် မပျက်စီးအောင်ကာကွယ်ခြင်း - - ရေ နေသတ္တဝါနှင့် ငါး ပုစွန်များကို အအေးဓါတ်ပေးပြီး မပျက်စီးအောင်ကာကွယ်ခြင်း - (ရေ ခဲ ရိုက်ခြင်း ၊ ရေခဲ ရေအေးစိမ်ခြင်း နှင့် အေးခဲ ငါးတုံးပြုလုပ်ခြင်း) - - အပူပေးပြီး မပျက်စီးအောင်ကာကွယ်ခြင်း - ( ငါးသေတ္တာ ၊ ငါးကြော် ၊ ငါးပေါင်း ၊ငါးကင်) - - ရေငွေ့ထုတ်ပြီးတာရှည်အောင် စီမံခြင်း - ( ငါးခြောက် ၊ ပုစွန်ခြောက်) - - ဆားဖြင့် တာရှည်အောင်ပြုလုပ်ခြင်း - ( ငါးဆားနယ် ၊ ငပိ ) - U San Aung ( Htwet Toe) - ------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
