‘’သင်္ကြန်ပိတ်ရက်အတွင်း ထုံးရည်စိမ်စရာမလို နေပူလှန်းစရာမလိုပဲ ခရမ်းချဉ်သီးယိုလုပ်စားရအောင်’’
- သင်္ကြန်ပိတ်ရက်မှာ စတုဒီတာပဲကျွေးကျွေး၊ မိသားစုအပျော်ပဲလုပ်စားစား ထုံးရည်စိမ်စရာမလို နေပူလှန်းစရာမလိုပဲ အလွယ်တကူ ခရမ်းချဉ်သီးယိုပြုလုပ်နည်းလေးမျှဝေပေးပါရစေ။ အရသာ ကတော့ အချိုအရသာလေးနဲ့ အချဉ်ဓာတ်လေး မသိမသာပါနေပြီး ခရမ်းချဉ်သီးအရသာလေးကိုမှ ခရမ်းချဉ်သီးအနံ့ပျောက်သွားပြီး စားလိုက်ရင် ချိုချိုမွှေးမွှေးလေးနဲ့ တော်တော်စားကောင်းပါတယ်။ အသားလေးက အရမ်းမာနေတာမျိုးလည်းမဟုတ် အရမ်းပျော့တာမျိုးလည်းမဟုတ်ပဲ မပျော့မမာ အနေအထားလေးနဲ့ ဝါးလိုက်ရင် စည်းစည်းပိုင်ပိုင်လေးနဲ့ မသိရင် စပျစ်သီးခြောက်လေး ဝါးနေရသလို ပုံစံမျိုးပါပဲ။ - လိုအပ်သောပစ္စည်းများ - ခရမ်းချဥ်သီး _ ၁ပိဿာ - သကြား _ ၂၅ ကျပ်သား မှ ၄၅ ကျပ်သား - ဆား - ၁.၆ ဂရမ် - သံပုရာသီး - ၁ ခြမ်း - ထောပတ် - ၂ ဇွန်း - ပြောင်းကော် - ၁၀၀ ဂရမ် - ပြုလုပ်ပုံ - ခရမ်းချဉ်သီးယို ပြုလုပ်ရန် အတွက် နီရဲသော ခရမ်းချဉ်သီး အကြီးများကို ရွေးချယ် သုံးပေးပါ။
- ခရမ်းချဥ်သီး ၁လုံး ကို ဒေါင်လိုက်ထောင်ကိုင်ပြီး ၄ပိုင်း ခွဲ၍ ဓါးဖြင့် ခပ်ဖွဖွလေးအရာပေးပါ။
- ပွက်ပွက်ဆူနေသော ရေတွင် ၇-၈ မိနစ်ကြာပြုတ်ပေး၍ ရေအေးတွင်စိမ်ပါ။
- အေးသွားပါက အခွံခွါထုတ်၍ အလယ်မှထပ်ခြမ်း ခြမ်းပေးကာအစေ့များထုတ်ပေးပါ။
- ခရမ်းချဥ်သီး အညှာနေရာမှ ထိတ်ကိုဖယ်ထုတ်ပါ။
- ပြုတ်ထားသောခရမ်းချဥ်သီးများအား အိုးထဲထည့်ပါ။
- ဆားနှင့်သကြားကိုထည့်၍ရေခမ်းသည်ထိမွှေပေးပါ။ (မိနစ် ၂၀ နီးပါး)
- ခရမ်းချဥ်သီးနံ့ပျောက်ပြီး အရောင်လှစေရန် ရေခမ်းပါက ထောပတ် ၁ ဇွန်းထည့်မွှေပါ။
- ကောင်းမွန်သောရနံ့ ရရှိစေရန် သံပုရာသီး တခြမ်းအားအရည်ညှစ်ထည့်ပေးပါ။
- ပြောင်းကော်ကိုရေအနည်းငယ်ဖြင့်ဖျော်၍ ထည့်ပြီးရေခမ်းသည်ထိဆက်ထိုးပါ။(၁၅ မိနစ်နီးပါး)
- ရေခမ်းပါကမီးလျှော့၍ ထောပတ် ၁ ဇွန်းထည့်ပြီးမာကျစ်လာသည်ထိဆက်မွှေပေးပါ။
- အအေးခံ၍ ပုံသွင်းအခြောက်ခံကာ သုံးဆောင်နိုင်ပါသည်။
 - Phyuhomecooking Page မှကိုးကားသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
