ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ဧရာဝတီတိုင်း ဧပြီလ ၁၇ ရက် မှ ၂၃ ရက် အထိ ၇ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက် - အနောက်ဘက်နှင့် အနောက်တောင်ဘက် ပင်လယ်ပြင်မှ တိုက်ခတ်လာသေည့် လေစီးကြောင်းနှုင့်အတူရွေ့လျားဝင်ရောက်လာသည့် မိုးတိမ်များကြောင့် ဧပြီ ၂၁ ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နေနိုင်ပါမည်။ - မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့်နီးသော မြို့နယ်များတွင် မိုးရွာနှုန်းပိုနိုင်ပြီး ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်း(အပန်းဖြကမ်းခြေများဘက်)တွင် ယခုတစ်ပတ်အတွင်း မိုးလျော့နည်းရွာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါသည်။ - ဧရာဝတီတိုင်း၏ မြောက်ဘက်အစွန်းဒေသများတွင် ၂၂ ရက်နေ့နောက်ပိုင်း နေ့အပူချိန်များ ၄၀°C အထက်အထိ မြင့်တက်လာနိုင်ပါမည်။ - ဧရာဝတီတိုင်းအတွက် ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကြည့်ရန်: https://www.mmweather.org/divisional-cities-weather/ayarwaddy-div - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ - အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။ - - ယင်မဲကောင်တွေဟာ သဘာဝအလျောက်နေထိုင်နိုင်ပြီး ပရိုတင်း ၄၂ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်။ - - တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း။ - - စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း။ - - အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း။ - - တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း။ - - တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း။ - - အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
