ပြည်ပတင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးရှိသော မြန်မာ့စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
- ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံမှ သိရသည်။ - လာမည့် မေလ ၁ရက်နေ့မှစ၍စိန်တစ်လုံးအိပ်စွပ်နှင့်အိပ်လွတ်သရက်သီးများသဇင်နွယ်သရက်ခြံတွင်ဝယ်ယူသွားမည်ဖြစ်ရာ ရောင်းချလိုသောသောသရက်တောင်သူများ အနေဖြင့် ခြံမန်နေဂျာဦးဌေးအောင် ၀၉၄၃၁၁၇၄၁၇ သဇင်နွယ်သရက်ခြံဆည်ရွာဇရပ်ပေါက်,ပလိပ်မြို့,စဥ်ကိုင်မြို့နယ် သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ - ယခုနှစ် စိန်တလုံးသရက်သီး ရာသီတွင် အသီးအထွက်နှုန်းကျဆင်းမှု ရှိသောကြောင့် အသီးထွက်ရှိသည့် ခြံများနှင့် အိတ်စွပ်သီးများမှာ ပြည်တွင်းစျေးကွက် တွင်စျေးကောင်းရရှိနေသည်။ - သို့သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိသရက်ခြံများမှာ မန္တလေး၊ ရန်ကုန်စျေးကွက်သို့တင်ပို့ရာတွင် သယ်ယူပို့ဆောင် စရိတ်များကြီးမြင့်လျက်ရှိကြောင်းသိရသည်။ - လက်ရှိအချိန်တွင် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီး တစ်တန်လျင် ငွေကျပ် ၃၀-၃၅ သိန်းကြားပေါက်စျေးရှိနေကြောင်း သိရသည်။ - ရွှေမန်း (မန္တလေး ဧပြီ ၂၄) - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
