ဆေးဖက်ဝင်စိန်ပန်းပွင့်သုပ်အကြောင်းနှင့် သုပ်စားနည်း
- အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်တွင် - ပူသောသတ္တိရှိသည်။လေသလိပ်ကိုနိုင်သည်။ ထိုးအောင့်၊အစာမကြေ၊လေပြည့်၊မျက်စိရောဂါတို့ကို သက်သာပျောက်ကင်းစေသည် - အစေ့မှရသောအဆီကိုပိုးသတ် မှို သတ်သောဆပ်ပြာဆီအဖြစ် ထုတ်လုပ် သည်။အစေ့ဆီဖြင့်ထုတ်လုပ်သော ကိတ်မုန့်သည် သားသမီးကို ရစေနိုင်ကြောင်းဆိုသည်။ - အစေ့မှုန့်သည်သွေးတွင်းရှိအညစ်အကြေးများကို သန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။ - နားကိုက်ခြင်းကိုသက်သာစေသည်။ - အရွက်သည် အရေပြားရောဂါကိုပျောက်စေသည်။ - အရွက်ကို စားပေးပါက သံပိုးကိုကျစေသည်။ - အပွင့်နှင့်အခေါက်ကို အစာအိမ်ပျောက်ဆေး အဖြစ်ိသုံးသည်။ - အပွင့်ကို ပြုတ်စားခြင်း၊တို့စား၊သုပ်စားခြင်းဖြင့် - အိပ်ပျော်မှုကိုဖြစ်စေပါသည်။ - စိန်ပန်းရွက်သည် သွေးတွင်းရှိအချို့ဓာတ်များကို ကျဆင်းစေ၍ သွေးကျရောဂါရှိသူတို့ စားရန် မသင့်ပေ။ - အောက်ဖော်ပြပါ နေရာတွင်လဲ စိန်ပန်းပင်၏ဂုဏ်သတ္တိအလိုက်စမ်းသပ်ထားမှုများကို လေ့လာနိုင်သည်။ - http://www.stuartxchange.com/FireTree.html - စိန်ပန်း ကို စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို - အလျင်အမြန်လျော့ကျစေသဖြင့် သတိထားသင့်သည်။ - စိန်ပန်းပွင့်လက်သုပ် သုပ်နည်း#Crd - စိန်ပန်းပွင့်ကိုပြုတ်ပါ ။ ရေညှစ်ပါ ရေပြန်ဆေးပါ ။ - ရေထပ်ညှစ်ပါ။ ပါးပါးလှီး ၍ နှစ်ပြန်ကြော် +ပုဇွန်ခြောက် ထောင်း၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ငံပြာရည်ကြော်နဲနဲ - ပဲမှုန့်၊ ကြက်သွန်ဖြူ ဆီချက် ၊ သံပုရာသီးနှင့် ရော၍သုပ်ပါ။ - အရသာရှိရှိ မွှေးမွှေးကြိုင်ကြိုင် စိန်ပန်းသုပ်လေးပေါ့ ခင်မျာ - မှတ်ချက်... မပြုတ်ခင် ပန်းမှာပဲသီးများကဲ့သို့ အနံရှိပြီး - ပြုတ်ပြီးတစ်ခါညှစ်ရေပြန်ဆေးပြီးတစ်ခါညှစ်သောအခါ အမွှေးနံ့ထွက်လာပါသည်။ - Crd to Original Uploader - ----------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
