ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ပဲခူးတိုင်း ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက် - ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ပဲခူးရိုးမကြောတလျှောက်မှာတော့ ပဲခူး-အနောက်ခြမ်းနဲ့နှိုင်းယှဥ်ရင် မိုးပိုများပါတယ်။ မိုးပိုများတယ်ဆိုရာမှာ - မိုးရေချိန်အားဖြင့် ၂၀ မီလီမီတာ(၀.၈ လက်မခန့်)တော့ရွာနိုင်ပါမယ်။ ပဲခူးတိုင်းအရှေ့ခြမ်းမှာတော့ အဲ့ဒီမိုးရေချိန်ရဲ့ ထက်ဝက်ခန့်သာရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်းမှာဖြစ်စေ၊ အနောက်ခြမ်းမှာဖြစ်စေ မေလ ၃ ရက်နောက်ပိုင်းမှာ ရာသီဥတု ပြန်လည်သာယာပြီး မေ လ ၁၀ ရက်နောက်ပိုင်းမှသာ မိုးရွာနိုင်မည့်အရိပ်အခြေပြန်တွေ့ရမှာဖြစ်ပါတယ်။ - ပင်လယ်ပြင်က လေစီးကြောင်းရဲ့လေတိုက်နှုန်း၊ စိုထိုင်းဆ၊ လေတိုက်ရာအရပ်တို့ရဲ့အခြေအနေများအရ ပုံမှန်အားဖြင့် မေလ ၁၉ ရက်ဝန်းကျင်မှာဝင်ရောက်လာတတ်တဲ့ အနောက်တောင်မုတ်သုံလေဟာ ရက်အနည်းငယ်စောပြီး ဝင်ရောက်လာနိုင်ကြောင်း တွေ့ရပါတယ်။ - ဒီရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ မိုးရွာလာနိုင်မှာကြောင့် အမြင့်ဆုံးနေအပူချိန်များ လျော့ကျလာပြီး အမြင့်ဆုံး ၃၄°C ၃၅°C ခန့်ရှိနိုင်ကြောင်း၊ လေထုစိုထိုင်းဆမြင့်တက်လာနိုင်တာကြောင့် ခံစားရတဲ့အပူချိန်တွေကတော့ ၄၀°C ခန့်ရှိနိုင်ပါတယ်။ - တောင်ဘက်၊ အရှေ့တောင်ဘက်နဲ့ အနောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့်အထိ အများဆုံးတိုက်နိုင်ပြီး အနောက်ဘက်အရပ်မှ မိုးတိမ်တောင်ကြီးများဝင်ရောက်ချိန်မှာ စိုက်ဆင်းလေပြင်းကျရောက်တတ်တဲ့ အန္တရာယ်ကို သတိထားကြရပါမယ်။ - ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့ မိုးလေဝသအခြေအနေ(ဧပြီ ၂၈ ရက် မှ မေ လ ၄ ရက်အထိ) - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန် ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ - ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည်၊ အက်စစ်ဓါတ်ဖက် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက်ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ - ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးရန်လိုအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
