ဧရာဝတီတိုင်း မေလ ၁ ရက် မှ မေလ ၇ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း
- ဧရာဝတီတိုင်းမှာ ဧပြီလ လကုန်ပိုင်းရက်များအတွင်းရွာသွန်းခဲ့တဲ့ အချိန်အခါမဟုတ်မိုးတွေက မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေမှာ လျော့နည်းသွားနိုင်ပြီး မေလ ၁၁ ရက်နဲ့ နောက်ပိုင်းရက်များမှာမှ မိုးဦးမိုးအနေနဲ့ ပြန်လည်ရွာသွန်းနိုင်ပါမယ်။ အနောက်တောင်မုတ်သုံလေ ရက်အနည်းငယ်စောပြီးဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားသော်လည်း တနင်္သာရီတိုင်းကို စတင်ဝင်ရောက်ချိန်မှသာ အတည်ပြုတင်ပြပေးနိုင်ပါမယ်။ - ဒီရက်သတ္တပါတ်တပါတ်အတွင်းမှာ အနောက်/အနောက်တောင်ဘက်မှလေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၀ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ မိုးတိမ်အနည်းငယ်ဖြစ်ထွန်းကာ၊ ထစ်ချုန်းမဲ့ အခြေအနေတွေဆက်ပြီးရှိနေနိုင်မဲ့ မိုးရေချိန်များများရွာနိုင်မှာမဟုတ်ပါ။ - ၂၀၂၅ ခုနှစ်မေလအတွင်း နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာ မှ ၂၀ မီလီမီတာအထိမိုးပိုမိုရွာသွန်းနိုင်ကြောင်း Meteoblue ၏ Seasonal Forecast(မိုးရာသီရက်ဝေးကြိုတင်ခန့်မှန်းချက်တွင် တွေ့ရပါသည်။ - အမြင့်ဆုံးနေ့အပူချိန်များအနေနဲ့ ၃၅°C ခန့်သာရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၅°C ခန့်ရှိနေနိုင်ပါမယ်။ - ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ အနောက်ဘက်နဲ့ တောင်ဘက် ကမ်းနီးပင်လယ်ပြင်များမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ ခန့်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၂ ပေ မှ ၄ ပေခန့်သာရှိနိုင်ပါမယ်။ - Weather Source: U Win Naing - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးကန်၏ရေချဉ်ဖန်နှုန်းကိုတိုင်းတာရာတွင် မနက်ပိုင်းတကြိမ်၊ နေ့လည်ပိုင်းတကြိမ်နှင့် ညနေပိုင်း တကြိမ် တိုင်းတာရပါမည်။ မနက်ပိုင်းတိုင်းတာချိန်တွင် ရေချဉ်ဖန်နှုန်း အကျဘက်တွင်တွေ့ရပါမည်။ ညနေ ပိုင်းတိုင်းတာရာတွင် ချဉ်ဖန်နှုန်းအတက်ဘက်တွင်တွေ့ရပါမည်။ မနက်ပိုင်း၊ နေ့လည်ပိုင်းနှင့် ညနေပိုင်း တွင် တိုင်းတာချက်အရ တွေ့ရသောရေချဉ်ဖန်နှုန်းသည် မတူနိုင်ကြောင်းတွေ့ရပါမည်။သို့သော် ကွာခြားချက်သိပ် မများနိုင်ပါ၊ ဉပမာ မနက်ပိုင်း တိုင်းတာရာတွင် ရေချဉ်ဖန်နှုန်း (၇.၅) ရှိနေပြီး နေ့လည်းပိုင်းတွင် ရေချဉ်ဖန်နှုန်း (၈)အနည်းငယ်ကျော် နိုင်ပါသည်၊ ညနေပိုင်းတွင် (၈.၅) သို့ (၉)နီးပါးရှိနိုင်ကြောင်းတွေ့ရှိနိုင်ပါသည်။ - ရေချဉ်ဖန်နှုန်းတိုင်းတာရာတွင် ကွာခြားချက်များပါက သတိထားရမည်ဖြစ်ပါသည်။ ဉပမာ မနက် ပိုင်းတွင် ရေချဉ်ဖန်နှုန်း (၆)ရှိပြီး နေ့လည်ပိုင်းတွင် (၈)ဖြစ်နေပြီး ညနေပိုင်းတွင် (၉)အထက်ကျော်နေပါက အဆိုပါကန်ရေသည် ပုံမှန်မဟုတ်ကြောင်းကိုပြသနေသဖြင့် အခြားသော ကန်ရေစစ်ဆေးမှု့များပြုလုပ်ပေး သင့်ပါကြောင်း တင်ပြအပ်ပါသည်။ - ပုံမှန်အားဖြင့် ငါးမွေးကန်တခု၏ ရေချဉ်ဖန်နှုန်းသည် မနက်(၆)နာရီတွင် ချဉ်ဖန်နှုန်းးအနိမ့်ဆုံးကို ပြသပြီး ညနေ(၆)နာရီတွင် ချဉ်ဖန်နှုန်း အမြင့်ဆုံးကိုပြသပါကြောင်းတင်ပြအပ်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
