ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
- မေလရဲ့ တတိယရက်သတ္တပါတ် ၁ ပတ်အတွင်း(မေလ ၁၁ ရက် မှ မေလ ၁၇ ရက်အထိ ၇ ရက်)မှာ မိုးဆက်ရွာသွားနိုင်ပါတယ်၊ အခုမြင်နေရတဲ့ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို ဆက်စပ်တိုက်ခတ်နေတဲ့ လေစီးကြောင်းပုံအရ ၂၀၂၄ ခုနှစ် မုတ်သုံစတင်ဝင်ရောက်ချိန်(၂၀၂၄ ခုနှစ်၊ မေ ၁၉-၂၀ ရက်မှာ) တွေ့ရတဲ့ လေစီးကြောင်းပုံနဲ့တူလာပါတယ်။ ဒီအခြေအနေက အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်ပြီး မိုးရာသီအစပျိုးတော့မယ်ဆိုတဲ့ လက္ခဏာပါဘဲ။မုတ်သုံလေ စ ဝင်တဲ့အချိန်တွေမှာ ပြီးခဲ့တဲ့နှစ်များမှ စတင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ပြီး၊ မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်မှုရှိသလို၊ မဝင်ရောက်ပဲ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက အိန္ဒိယနိုင်ငံ-အနောက်ဘင်္ဂလားပြည်နယ်နဲ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတွေဆီ ဦးတည်ရွေ့လျားဝင်ရောက်တာလဲ ရှိပါတယ်။ မည်သို့ဆိုစေ၊ မုန်တိုင်း/လေဖိအားနည်ရပ်ဝန်းရဲ့ ညာဘက်ခြမ်းမှာရှိနေတဲ့ မြန်မာနိုင်ငံအတွက် မိုး/လေ သက်ရောက်မှုတွေက မိုးဦးကျချိန်မှာ ပိုများနေတတ်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် မိုးဦးကျချိန်မှာ ဘင်္ဂလားပင်လယ်အော်မြောက်ဘက်ကမ်းခြေတွေကို ဖြတ်ကျော်ဝင်ရေက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း REMAL ရဲ့ သက်ရောက်မှုက ကချင်ပြည်နယ်အတွင်းမှာ မိုးများစေပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်များရဲ့ ပထမ ရေကြီးကာလဖြစ်သွားခဲ့တယ်ဆိုတာ မေ့ထားလို့ မရပါ။ - ဒီ ၁ ပါတ်အတွင်း ရန်ကုန်တိုင်းရဲ့ နေ့အပူချိန်အမြင့်ဆုံး ၃၇°C အထိရှိနေနိုင်ပြီး အနိမ့်ဆုံးအပူချိန်က ၂၇°C ရှိနေနိုင်ပါမယ်။ - အမြင့်ဆုံးလေထုစိုထိုင်းဆ ၇၀% ဝန်းကျင်မှာရှိနေနိုင်ပြီး ခံစားရတဲ့အပူချိန် Apparent Temperature or Temperature Feels-like က ၄၀°C အထက်ရှိနိုင်မဲ့ ရက်တွေ တွေ့ရပါတယ်။ -  - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်ကို မျှဝေပေးလိုက်ပါတယ်။ - အစာပမာဏကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း - - အစာကျွေးတဲ့အခါမှာ ငါးကန်ထဲမှာရှိတဲ့ ငါးအရေအတွက်နှင့် ငါးအလေးချိန်ပေါ်မှုတည်ပြီး လိုအပ်တဲ့ အစာပမာဏတိုင်းသာ တွက်ချက်ပြီး ကျွေးပေးဖို့လိုပါတယ်။ - - ဒါ့အပြင် ကန်ထဲတွင် အစာအကြွင်းအကျန်မရှိအောင်လည်း ဂရုစိုက်ရပါမယ်။ - - အစာအကြွင်းအကျန်များမယ်ဆိုရင် အပင်မျှော(Phytoplankton) ပေါက်ပွားမှုများလာခြင်း၊ အစာအကြွင်းအကျန်များ ပုပ်ပွပျက်စီးပြီး အမိုးနီးယား (Ammonia) ထွက်ခြင်းနှင့် ညအချိန်တွင်ငါးကန်ရေမှာပျော်ဝင်နေသောအောက်စီဂျင် (Dissolved Oxygen)သည် လုံလောက်သော ပမာဏတွင်မရှိတော့သောကြောင့် Oxygenကျခြင်း စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပြီး ကန်ထဲရှိ ငါးများ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။ - ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ---- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2 - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
