ပြည်တွင်းပြောင်းဈေး အကျဘက်မှာ ဆက်ရှိနေ
- အမေရိကန်၊ တရုတ် ကုန်သွယ်ရေးစစ်ပွဲကို စောင့်ကြည့်နေသော ထိုင်းကုန်သည်များက မြန်မာ့ပြောင်း ဝယ်လို အားထိန်းထားသဖြင့် ပြည်တွင်းပြောင်းဈေး ပြန်လည်ကျဆင်းလာပါတယ်။ - သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်အလွန် တစ်ပိဿာ လျှင် ၁၇၀၀ ကျပ်ကျော်အထိ ဈေးအတက်ဘက်ကို ပြောင်းလဲ ခဲ့သော ပြောင်းဈေးနှုန်းက လက်ရှိအချိန်တွင် တစ်ပိဿာ လျှင် ၁၆၈၀/၁၇၀၀ ကျပ်သာဈေးဖွင့်ပါတယ်။ ပြည် တွင်း ပြောင်းဈေးနှုန်းက အကျဘက်မှာသာရှိနေသော်လည်း ယခုလတွင် ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ငါးသောင်းကျော် တင်ပို့ရန် ရှိနေပါတယ်။ - “ထိုင်းကကုန်သည် ဝယ်လက်ကဈေးချဝယ်တော့ ပြည်တွင်းဈေးပြန်ဆင်းလာတာပါ။ လတ်တလောတော့ ဈေး အေးတာပေါ့။”ဟု ကုန်သည်တစ်ဦးကပြောပါတယ်။ - ပြည်ပတင်ပို့သည့် ပြောင်းဈေးနှုန်းက ကျဆင်းနေသော်လည်း ပြည်တွင်း အစာစပ်လုပ်ငန်းများနှင့် ကုန်ကြမ်း အတွက် ဝယ်ယူသည့်ဈေးနှုန်းက မြင့်ပါတယ်။ ပြည်တွင်းလုပ်ငန်းသုံးအတွက် ဝယ်ယူသည့်ဈေးနှုန်းက ပြောင်း တစ်ပိသာလျှင် ၁၇၁၀ ကျပ်အထက်တွင်ဈေးဖွင့်ပါတယ်။ - ပြည်ပပေါက်ဈေးထက် ဈေးပိုရသော်လည်း အစာစပ်လုပ်ငန်းများနှင့် ကုန်ကြမ်းအဖြစ်သုံးရန် စက်ရုံများကို ရောင်းချ ရာတွင် ငွေစောင့်ယူရသဖြင့် ကုန်သည်များအတွက် အခက်အခဲအချို့ဖြစ်ရတယ်လို ကုန်သည်တစ်ဦး ကပြောပါတယ်။ - မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပြောင်းဈေးက ဗမာပြောင်းတစ်တန်လျှင် အမြင့်ဆုံး ကျပ် ၉၂၉၀၀၀ ကျော်၊ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၈၀၀၀ကျော် ၊ CPအသစ် ပြောင်းက တစ်တန်လျှင် ကျပ် ၉၅၈၀၀၀ကျော် ဈေးဖွင့်ပါတယ်။ - လက်ရှိ ရှမ်းတောင်မှ လက်ကျန်ပြောင်းများ၊ ဧရာဝတီတိုင်း ဟင်္သာတ၊ ဇလွန်မှ ပြောင်းများ ဈေးကွက်အတွင်း သို့ဝင်နေပါတယ်။ - PT(AMIA) - Exclusive content for Htwet Toe - --------------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
