ကမ္ဘာ့ဆန်စပါးစျေးကွက် စျေးကျဆင်းမှုများ ဖြစ်ပေါ်
ထိပ်တန်း ဆန်စပါးတင်သွင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယက ငွေကြေးခိုင်မာမှုရရှိနေပေမယ့် နှစ်ပေါင်းများစွာ မငြိမ်မသက် ဖြစ်နေတဲ့ ကမ္ဘာ့ဆန်စပါးစျေးကွက်ကတော့ ကျဆင်းနေတယ်လို့ ဆန်စပါးလုပ်ငန်းအမှုဆောင်တွေက ပြောကြား ထားတာကို CNA သတင်းမှာ ဖော်ပြထားပါတယ်။
ဆန်စပါးစျေးနှုန်း ကျဆင်းမှုကြောင့် ကမ္ဘာတစ်ဝန်းလုံးအတွက် ၉ဝ ရာခိုင်နှုန်း ဆန်စပါးထုတ်လုပ်ပေးနေတဲ့ အာရှတစ်ခွင်က လယ်သမားတွေရဲ့အမြတ်အစွန်း ရရှိမှုကတော့ သိပ်ကို နည်းပါးသွားမှာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
နယူးဒေလီက သူ့ရဲ့နောက်ဆုံးဆန်စပါးတင်သွင်းမှု အကန့်အသတ်ကို ဖယ်ရှားပြီး တစ်လအကြာ ဧပြီလမှာ ဆန်စပါးစျေးကွက် ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းမှာ ဆန်စပါးစျေးကျတာ သုံးနှစ်လောက်ရှိနေတာ ဖြစ်ပြီး ဗီယက်နမ်မှာတော့ ငါးနှစ်နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၂၄ စပါးစျေးကွက် အမြင့်ဆုံးကနေ သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့ပေမယ့် ၂၀၂၅ နှစ်ကုန်အထိတော့ စပါးစျေး ကွက်ကို ထိန်းထားနိုင်မှာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
One News Myanmar မှကူးယူဖော်ပြပါသည်။
------------------------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း