လိုင်ချီးသီးမှ ရရှိသော ကျန်းမာရေးအကျိုးကျေးဇူး (၁၀) မျိုး
- အရသာရှိလှတဲ့ လိုင်ချီးသီးတွေကို စားရတာက ရေငတ်ပြေစေပါတယ်။ ဘဲဥပုံ ဒါမှမဟုတ် အသည်းနှလုံးပုံရှိပြီး အတွင်းသားမှာ အဖြူရောင်ရှိတဲ့ ဂျယ်လီ အမျိုးအစား ဖြစ် ပါတယ်။ လိုင်ချီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ပါဝင်နေပါတယ်။ - (၁) ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ကိုလက်စထရော ပါဝင်မှုလည်း နည်းပါတယ်။ - (၂) လိုင်ချီးသီးမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များ တဲ့ သူတွေအနေနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်အောင် လိုင်ချီးသီးကို စားသင့်ပါတယ်။ - (၃) လိုင်ချီးသီးမှာပါတဲ့ အိုလီဂိုနောဆိုတဲ့ အင်တီအောက်ဆီးဒင့်ဟာ တုပ်ကွေးဗိုင်းရပ်စ် ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းစေ ကာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အသားအရေကို ခရမ်းလွန် ရောင်ခြည်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ - (၄) လိုင်ချီးသီးမှာ နိုင်ယာစင်၊ သိုင်ယာမင်နဲ့ ဖောလိတ်စတဲ့ ဗီတာမင်ဘီ အုပ်စုကောင်းကောင်း ပါဝင်ပါတယ်။ ဒီ ဗီတာမင်တွေက ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်း စတာတွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။ - (၅) လိုင်ချီးသီးမှာ ပိုတက်စီယမ်နဲ့ ကြေးနီ (Copper) များများ ပါဝင်ပါတယ်။ ပိုတက်စီယမ် ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ရောဂါနဲ့ လေဖြတ် ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြေးနီဟာ သွေးနီဥ ထုတ်လုပ်မှုအတွက် လိုအပ်ပါတယ်။ - (၆) လိုင်ချီးသီးဟာ အရိုးတည်ဆောက် ကြီးထွားမှုအတွက် အရေးပါတာကြောင့် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးတွေအတွက် ကောင်းမွန်ပါတယ်။ - (၇) လိုင်ချီးသီးကို စားပေးတာက အသားအရေကို လှပစေပါတယ်။ - (၈) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ - (၉) ဖျားနာနေတဲ့ သူတွေဟာ လိုက်ချီးသီး စားပေးရင် သက်သာစေနိုင်ပါတယ်။ - (၁ဝ) လိုင်ချီးသီး စားတာက နာကျင်မှုကို လျော့ကျစေပြီး ဂလင်းတွေ ရောင်ရမ်းမှုကို သက်သာစေပါတယ်။ လတ်ဆတ်တဲ့ လိုင်ချီးသီးတွေကို အခန်း အပူအချိန်မှာ ထားရင် ငါးရက်လောက်အထိ ထားလို့ရပါတယ်။ - Good Health Source မှ ကိုးကားဖော်ပြသည်။ - -------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
