ခရမ်းကစော့ခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
- နေ့တိုင်း ဝါးစားရင် ဆီးချိုကျတယ်၊ သွေးတိုးနဲ့ သွေးတွင်းက ပုံမှန်မဟုတ်တဲ့ သွေးဥတွေကို လျှော့ချပေးတယ်။ သွေးခဲခြင်းကိုလည်း ဟန့်တားပေးတယ်။ - မကြာခဏ စားပေးတာ ကောင်းပါတယ်။ မောပန်းလွယ်တာ၊ သွေးတွင်းအဆီများတာဆိုရင် ခရမ်းကစော့သီးကို ဝါးစားပါ။ အဆီကျစေဖို့ ကူညီပေးပါတယ်။ - ကျွန်တော့်အဘွားကတော့ နေ့တိုင်းခူးပြီး စားရတာ ကြိုက်တယ်။ ဝမ်းမှန်စေပြီး ဝမ်းကိုလည်း ပျော့စေတာကြောင့် ဝမ်းသွားရတာ ပိုလွယ်ကူစေပါတယ်။ အသက်ကြီးလို့ ဝမ်းချုပ်တတ်သူတွေ စားပေးသင့်ပါတယ်။ ဖန်ခွက်ထဲထည့်ပြီး ရေနွေးနဲ့ သောက်လို့လည်း ရပါတယ်။ ကျန်းမာရေး ယိုယွင်းမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ပူပူနွေးနွေးလေးသောက်ရင် အစာအိမ်ကို ကောင်းမွန်စွာ အကျိုးပြုပါတယ်နော်၊၊ - ခရမ်းကဆော့သီး (သို့) ကစော့ခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများကို အောက်တွင် အချက်လိုက် ဖော်ပြထားပါသည်။ - ### ၁။ ကင်ဆာကာကွယ်နိုင်ခြင်း - ခရမ်းကဆော့သီးတွင် ကင်ဆာဆဲလ်များ ပွားများမှုကို တားဆီးပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး၊ ရှေးယခင်ကတည်းက ကင်ဆာကာကွယ်ရန် အသုံးပြုခဲ့ကြောင်း သိရသည် ။ - ### ၂။ နာကျင်ကိုက်ခဲမှုနှင့် ရောင်ရမ်းမှုကို သက်သာစေခြင်း - အသီးတွင်ပါသော ဓာတ်တစ်မျိုးက နာကျင်မှုကို လျော့ပါးစေပြီး လည်ချောင်းနာ၊ ပါးစပ်အနာ စသည့် ရောင်ရမ်းမှုများကို သက်သာစေနိုင်သည် ။ - ### ၃။ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်တိုက်ဖျက်နိုင်ခြင်း - သဘာဝပိုးမွှားတိုက်ဖျက်သည့် အာနိသင်ရှိပြီး ရောဂါပိုးများမှ ကာကွယ်ပေးနိုင်သည် ။ - ### ၄။ အဖျားကျစေခြင်းနှင့် ကိုယ်ခံအားမြှင့်တင်ပေးခြင်း - ပြုတ်ရည်သောက်သုံးပါက အဖျားကျစေပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေသည် ။ - ### ၅။ အစာခြေစနစ်နှင့် အူလမ်းကြောင်းကျန်းမာရေး - သန်ကျစေသော အာနိသင်ရှိသဖြင့် အူတွင်းရှိ ကပ်ပါးပိုးများကို ဖယ်ရှားပေးနိုင်သည် ။ - ### ၆။ အမြင်အာရုံကောင်းမွန်စေခြင်း - ထောပတ်နှင့်ကြော်စားပါက ဗီတာမင်အေကြွယ်ဝမှုကြောင့် မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေသည် ။ - ### ၇။ အရေပြားရောဂါများအတွက် အသုံးဝင်ခြင်း - ရေယုန်နှင့် အရေပြားယားယံမှုကို သက်သာစေပြီး အနာကျက်မြန်စေသည် ။ - ### ၈။ သွားနှင့်ခံတွင်းကျန်းမာရေး - အမြစ်ကို သွေးပြီး သွားကိုက်နာကျင်မှုအတွက် အသုံးပြုနိုင်ကာ၊ သွားပိုးစားခြင်းကို ကာကွယ်ပေးသည် ။ - ### ၉။ သွေးလည်ပတ်မှုနှင့် နှလုံးကျန်းမာရေး - လေသလိပ်ကြေစေပြီး နှလုံးကို အားဖြည့်ပေးသည့် အာနိသင်ရှိသည် ။ - ### ၁၀။ ဆီးချိုထိန်းညှိပေးခြင်း - အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည် ။ - သတိပြုရန် - အလွန်အကျွံစားသုံးပါက ဘေးထွက်ဆိုးကျိုးဖြစ်နိုင်သဖြင့် သင့်တင့်သော ပမာဏကိုသာ စားသုံးသင့်ပါသည် ။ - ဤအချက်များအပြင် ခရမ်းကဆော့သီးကို မြန်မာ့တိုင်းရင်းဆေးတွင် ပဉ္စငါးပါး (အရွက်၊ အသီး၊ အမြစ်၊ အခေါက်၊ အပွင့်) အဖြစ် အသုံးပြုကြောင်း လေ့လာသိရှိရသည်။ - Credit to original uploader - -------- 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
