ထူးခြားမိုးလေဝသအခြေအနေ
- Weather API များမှ ရရှိသည့် အချက်အလက်များအရ- - တောင်တရုတ်ပင်လယ်မှ INVEST-92W တိုင်ဖွန်းမုန်တိုင်းအဆင့်ထိ ရောက်လာနိုင်ချေ ၁၀၀% ရှိနေပြီး၊ ဇွန်လ ၁၄ ရက်နေ့ညပိုင်းတွင် တရုတ်ပြည်မ-တောင်ဘက်ကမ်းခြေအား မကာအိုမြို့အနီးမှ တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ - 🔸 မုန်တိုင်းအကြွင်းကျန်များသည် အရှေ့ဘက် တရုတ်နိုင်ငံအတွင်းသို့ဆက်လက်ရွေ့လျားပြီး၊ အနောက်ဘက် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တည်ရှိရာ အနောက်ဘက်ဘက်သို့ ရွေ့လျားမှုမရှိပါ။ - 🔸 ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဇွန်လ ၁၅ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်သော လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း နှင့် တောင်တရုတ်ပင်လယ်မှ အားကောင်းလာမည့် INVEST-92W တို့၏ အရှိန်သက်ရောက်မှုကြောင့် - - 🔸 မြန်မာတစ်နိုင်ငံလုံး ဇွန်လ ၁၃-၁၄-၁၅-၁၆ မှ ၂၂ ရက်အထိ နေရာ အနှံ့အပြားမိုးရွာနိုင်ပါတယ်။ - 🔸 တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ဇွန်လ ၁၆ ရက် မှ ၂၂ ရက်အတွင်း မိုးများရာမှ မိုးအလွန်များနိုင်ပြီး(၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မ အထက်) - 🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက် မ ခွဲအောက်(မိုးအသင့်အတင့် ရွာနိုင်ကြောင်း တွေ့ရပါတယ်။ - ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များ ကြည့်ရန် - - https://www.mmweather.org/divisional-cities-weather - ဇွန်လ ၉ ရက် ၊ နံနက် ၁၀ နာရီ - (Forecast Model - Auto) - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
