တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအလိုက် မိုးရွာနိုင်မှုများ⛈⛈
- ==== - ဇွန်လ ၁၀ ရက်နေ့တွင် ECMWF, JMA နှင့် UKM model များမှ ကြိုတင်ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်း(Tropical Depression-TD) 01W သည် တောင်တရုတ်ပင်လယ်အတွင်း အားပိုကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။ ဖြစ်နိုင်ချေ ၁၀၀% ရှိနေကြောင်းလဲ တွေ့ရပါတယ်။ - 🔸 01W တိုင်ဖွန်းမုန်တိုင်အဆင့်ရောက်လာနိုင်သော်လည်း အနောက်ဘက် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ဘက်သို့ မုန်တိုင်းအကြွင်းအကျန်များရွေ့လျားဝင်ရောက်လာနိုင်ခြင်းမရှိပါ။ မုန်တိုင်းအရှိန်သက်ရောက်မှုသာရှိနိုင်ပါမယ်။ - လေဖိအားနည်းရပ်ဝန်း TD-01W နှင့် အားအလွန်ကောင်းလာသော မုတ်သုံလေတို့၏ အရှိန်သက်ရောက်မှုကြောင့် - - 🔸 ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများ၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် မိုးအသင့်အတင့် မှ မိုးများနိုင်ပါမယ်၊ ၂၄ နာရီ မိုးရေချိန် - ၂ လက်မခွဲနှင့်အထက် ရွာသွန်းနိုင်ပါတယ်။ - 🔸 သက်ဆိုင်ရာဒေသအလိုက်နေရာကွက်ပြီး မိုးသည်းထန်နိုင်(Rain Rate မြင့်မားနိုင်)သောကြောင့် စိုးရိမ်ရေမှတ်များအနီးထိရောက်ရှိနေနှင့်သည့် မြစ်ရေအခြေအနေများကို သတိပြုစောင့်ကြည့်ပြီး၊ - 🔸 မြစ်ကမ်းပါး/ချောင်းကမ်းပါးအနီး အနိမ့်ပိုင်းရပ်ကွက်နေပြည်သူများ ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်သင့်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။ - (ဇွန်လ ၁၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်) - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
