ယူရီးယားမြေသြဇာဆက်တိုက်အသုံးပြုခြင်းကြောင့် မြေဆီလွှာအပေါ်ဆိုးကျိုးသက်ရောက်မှု
- မြေဆီလွှာအချဉ်ပေါက်ခြင်း - ရေရှည်ဆက်တိုက်အသုံးပြုမှုကြောင့် အမိုးနီးယားမှ နိုက်ထရိတ်ပုံစံသို့ ပြိုကွဲချိန်တွင် ဟိုက်ဒရိုဂျင်အိုင်းရွန်းများ ထုတ်လွှတ်လိုက်သဖြင့် မြေဆီလွှာအချဉ်ပေါက်မှုများ ဖြစ်လာပါသည်။ မြေချဉ်ဖန်နှုန်းကျလာခြင်းသည် သီးနှံများ အာဟာရဓာတ်ရယူနိုင်မှု အဟန့်အတားဖြစ်စေပြီး တီကောင်ကဲ့သို့ အကျိုးပြုသက်ရှိများကို အန္တရာယ်ဖြစ်စေကာ သီးနှံအထွက်နှုန်းကို ကျစေပါသည်။ - မြေဆီလွှာအတွင်း အာဟာရဓာတ်မညီမျှမှုဖြစ်ခြင်း - စိုက်ပျိုးရာသီတိုင်း ယူရီးယားမြေသြဇာချည်းအသုံးပြုခြင်းသည် မြေဆီလွှာအတွင်း တခြားသောအာဟာရ(ဖော့စဖောရပ်၊ ပိုတက်ဆီယမ် နှင့် အနည်းလိုအာဟာရ)ဓာတ်များ ကုန်ဆုံးလာစေသည်။ ထိုအခြေအနေကို ပြုပြင်မပေးပါက မြေဆီလွှာအတွင်း အာဟာရဓာတ်မမျှခြင်းနှင့်အတူ စိုက်ပျိုးပင်များတွင် အာဟာရချို့တဲ့မှုများ ဖြစ်လာစေပါသည်။ - အော်ဂဲနစ်မက်တာဓာတ် လျော့ကျခြင်း - ယူရီးယားမြေသြဇာ အလွန်အမင်းအသုံးပြုခြင်းသည် မြေဆီလွှာထဲရှိ အော်ဂဲနစ်ဓာတ်ကို အလျင်အမြန်ပြိုကွဲစေပြီး အော်ဂဲနစ်ကာဗွန်ဓာတ်ကို လျော့ကျစေပါသည်။ ထို့ကြောင့် မြေဆီလွှာတည်ဆောက်ပုံ၊ ရေထိန်းနိုင်စွမ်းတို့အပေါ် ထိခိုက်လာစေပါသည်။ - အဏုဇီဝသက်ရှိများကို ဟန့်တားမှုဖြစ်ခြင်း - ယူရီးယားမြေသြဇာအသုံးပြုခြင်းသည် မြေဆီလွှာအတွင်း အမိုးနီးယား၊ နိုက်ထရိတ်ပုံစံဖြင့် နိုက်ထရိုဂျင်ဓာတ် များလာစေသည်။ ထိုအခြေအနေသည် နိုက်ထရိုဂျင်ကြိုက်အဏုဇီဝများကို အားပေးသော်လည်း ကာဗွန်၊ နိုက်ထရိုဂျင်အချိုးညီမျှမှုအခြေအနေတွင် ကောင်းစွာအလုပ်လုပ်သော သက်ရှိများကို ဟန့်တားမှုဖြစ်စေပြီး သက်ရှိအရေအတွက် လျော့ကျလာစေပါသည်။ မြေချဉ်ခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်လာစေပါသည်။ အာဟာရပြိုကွဲမှုကို ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့် အာဟာရဓာတ်များ ဆုံးရှုံးမှုဖြစ်လာစေပါသည်။ - ဆားပေါက်မှု ပြဿနာများဖြစ်လာခြင်း - မိုးရေချိန်နည်းသော၊ ရေထုတ်မှုညံ့သောဒေသများ၌ ဆားဓာတ်များ စိုက်ပျိုးပင်အမြစ်များရှိသောအလွှာတွင် စုလာပါသည်။ မြေဆီလွှာ တည်ဆောက်မှုမကောင်းတော့ဘဲ အပင်ကြီးထွားမှုကို ဟန့်တားလာသည်။ - ထွက်တိုး - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
