2025-2026 ခုနှစ် သီးနှံမျိုးစုံဈေးကွက်ခန့်မှန်းချက်
- 2025/2026 ခုနှစ်အတွက်ကုန်စည် စျေးကွက်ခန့်မှန်းချက်များ သို့မဟုတ် အကြံပြုချက်များ။ - ........................................................... - ရှေးဦးစွာမေတ္တာရပ်ခံချင်တာကတော့ - ဒီခန့်မှန်းချက်များက ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်တစ်ခုတည်းသာ ဖြစ်ပါတယ်။ - ခန့်မှန်းချက်ဖြစ်တဲ့အတွက် မှားတာလည်းရှိနိုင်သလို မှန်တာလည်းရှိနိုင်တာအမှန်ပါပဲ။ - အကုန်လိုက်နာရမယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ကာယကံရှင်တွေရဲ့ မိမိသဘောဆန္ဒအတိုင်းပါပဲ။ - သို့သော် နှစ်ပေါင်းများစွာ မိမိတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး အနှစ်ချုပ်၍ အကြံပြု ဖော်ပြရုံမျှလေးပါပဲ။ - ........................................................... - ဘာလို့လည်းဆိုတော့ များသောအားဖြင့်တောင်သူတွေဟာ အသီးအနှံများကို - စိုက်တော့ စိုက်ပျိုးတတ်ကြပါတယ်။ - ဒါပေမယ့် ကိုယ့်ဘာသာရောင်းဆိုရင် မရောင်းတတ်တော့ပြန်ပါဘူး။ ပြီးတော့ - ဘယ်နှစ်မှာ ဘာသီးနှံကို ဘယ်လိုစိုက်ပျိုးသင့်တယ်ဆိုတာမျိုးကိုလည်း - မခန့်မှန်းတတ်ကြပြန်ပါဘူး။ - ဘယ်အချိန်မှာ စျေးကောင်းရတတ်ပြီး၊ - ဘယ်အချိန်မှာစျေးထိုးကျတတ်တယ်ဆိုတာကိုလည်း နားမလည်တတ်ကြတာမျိုးကများပါတယ်။ ဒါ့အပြင် - နိုင်ငံရေးချိန်ခွင်လျှာအပြောင်းအလဲနဲ့အခင်းအကျင်းအလိုက် ချိန်ဆရမယ့် အနေထားတွေကိုလည်း မတွက်ဆတတ်ကြပါဘူး။ - (သူတို့လေးတွေအတွက် အားဆေးတစ်ခွက်တိုက်ကျွေးပေးရပေဦး။) - ဒီလောက် အနိမ့်အမြင့် အတက်အကျများတဲ့ ဂုံးကျော်တံတားလိုနိုင်ငံမျိုးမှာ ဒီနှစ်ကြက်သွန်စျေးကောင်းလို့ နောက်နှစ်လည်း တစ်သမတ်တည်း စျေးကောင်းရလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ တောင်သူတချို့ဒီနှစ်စျေးကောင်းရရင် နောက်နှစ်လည်းရမှာပဲလို့ထင်ပြီး ထပ်တိုးစိုက်တာတွေကို တွေ့ဖူးတယ်။အဲ့ဒါ သူတို့အတွက် နှစ်စဥ် သိပ်ပြီး Risk များလွန်းသလိုဖြစ်သွားစေတာပေါ့။ - ........................................................... - ပြီးတော့ - ဖြစ်နိုင်ရင် တောင်သူများအားလုံးဟာ ၎င်းတို့ရဲ့သားသမီးများကို Digital Marketing နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံ - သင့်ပါတယ်။ - ဒါဆိုရင် သူတို့အတွက် Profit Margin အမြတ် ပိုကျန်နိုင်တယ်ပေါ့။တဆင့်သူများကို အားကိုးစရာမလိုပဲ တိုက်ရိုက် ဝယ်လက်ရှာပြီးရောင်းချနိုင်အောင်ကြိုးစားတာမျိုးပေါ့လေ။ - ဒါကြောင့်ဒီ ပို့စ်ကလေးကို တောင်သူ - အပေါင်းတို့အတွက် ဦးတည်ပြီး တစ်နိုင်ငံလုံးအနေအထားနဲ့ အကျဥ်းချုံး၍ 2026 ခုနှစ် အတွက် ယှဥ်တွဲဖော်ပြ ပေးလိုက်ရပါတယ်ခင်ဗျာ။ - ............................................................... - သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ - ကို အရင်သုံးသပ်ကြည့်ရအောင်လားဗျာ။ - 1=မန္တလေး၊မြစ်ကြီးနား၊ဗန်းမော်၊ဖားကန့်။ - 2=လားရှိုး၊မူဆယ်၊ချင်းရွှေဟော်၊လောက်ကိုင်။ - 3=မန္တလေး၊ ကလေး၊တမူး။ - 4=မုံရွာ၊မင်းကင်း ကလေးဝ၊ဖောင်းပြင်၊မော်လိုက်၊ဟုမ္မလင်း၊ခန္တီး။ - 5=ရခိုင်၊တောင်ကုတ်၊စစ်တွေ။ - 6=မြဝတီ တကြော။ - 7=ရေး၊ထားဝယ်၊ကော့သောင်း။ - 8=မန္တလေး၊မင်းတပ်၊မတူပီ၊ဟားခါး။ - အစရှိသဖြင့် မြန်မာနိုင်ငံရဲ့ အဓိက ကျတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ - အဖုအထစ်တွေ ဖြစ်ပေါ်နေပါတယ်။ - ဆိုတော့ 2026ခုနှစ် ရဲ့ စီးပွားရေးဟာ လုံးဝမကောင်းနိုင်ပါဘူး။ - ဒီထက်ပိုသေချာစေတာက 2025 ခုနှစ်အကုန်မှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိနေပါတယ်။ - ထို့အတွက် ပွတ်တိုက်မှုတချို့ပြင်းထန်မယ် ဆိုတဲ့ သဘောကိုလည်း မြင်တွေ့ရတယ်။ - ဆိုတော့ 2026 ခုနှစ်ဟာ လူတိုင်းအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုများလာမယ့် နှစ်တစ်နှစ်လို့မှတ်ယူပါလေ။ - ........................................................... - 2025 ရဲ့နိဂုံး - ဒီနှစ်အကုန်မှာ ထွက်ရှိမယ့် သီးနှံ တချို့ရှိနေပါတယ်။ - 1=ဂျင်း အခက် - ဒီကုန်စည်က Export မရှိနိုင်လို့ စျေးမရနိုင်ပါဘူး။ - 2=မြေပဲကြား - ဒီကုန်စည်က တရုတ်လမ်းကြောင်း မဖြောင့်သေးလို့ စျေးကျပါလိမ့်မယ်။ - 3=ခရမ်းချဉ် - ဒီကုန်စည်က ဆယ်လပိုင်းနောက်ပိုင်း စျေးပြန်ကောင်းပါလိမ့်မယ်။ - 4=ပြောင်းဆံ - ဒီကုန်စည်က အခြေနေကောင်းမယ်။ - 5=ဂေါ်ဖီ၊ ပန်းပွင့် - စက်တင်ဘာလကုန်ပိုင်းမှာ စျေးကောင်းရပါလိမ့်မယ်။ - စက်တင်ဘာလမှာ ရှမ်းတောင်မှာရေဘေးကိစ္စကို အထူးဂရုစိုက်ရပါမယ်။ - Covid အနေအထားကိုလည်း တစ်ချက်စောင့်ကြည့်ရမယ်။ရုတ်တရက် Lock down ဆိုရင် အသီးနှံစိုက်တဲ့ တောင်သူတွေအတွက် နားကားကုန်မှာစိုးလို့။ - ဒါက 2025 ခုနှစ်ရဲ့ နိဂုံးကို အကြမ်းဖျင်းလေးသုံးသပ်ပြတာပါ။ - .............................................................. - ကျွန်တော်အဓိက ပြောချင်တာက 2026 ခုနှစ်ပါ။ - ဆိုတော့ ဒီနှစ်မှာ ပြောချင်တဲ့အရာတွေက အောက်ပါခေါင်းစဉ်တွေပဲဖြစ်ပါတယ်။ - 1=တောင်သူတွေ ဘာစိုက်ပျိုးသင့်သလဲ - 2=ဘယ်အချိန်မှာ ဘယ်သီးနှံက စျေးကောင်းရတတ်လည်း။ - 3=လောင်စာဆီ ပြဿနာ နဲ့ ဘဏ်တွေရဲ့ - အကျပ်အတည်း။ - 4=သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအနေအထားများ။ - 5=သဘာဝဘေးအန္တရာယ် နဲ့ မျက်ကွယ်အန္တရာယ်။ - 6=ဘာတွေ ကြိုတွေးထားသင့်သလဲ။ - .............................................................. - No1=တောင်သူတွေ ဘယ်သီးနှံစိုက်ပျိုး - သင့်သလဲ 2026 မှာ။ - မြန်မာပြည်မှာ စိုက်ပျိုးတဲ့ သီးနှံအုပ်စု ကိုခွဲကြည့်လိုက်မယ်ဆိုရင် အုပ်စုနှစ်မျိုးပဲရှိပါတယ်။ - 1=ပြည်တွင်း၊ပြည်ပ ဝယ်လိုအားရှိတဲ့ - သီးနှံများရယ် - 2=ပြည်တွင်းမှာသာ ဝယ်လိုအားရှိတဲ့အသီးအနှံများရယ် ဆိုတာကို အလွယ်မှတ်ယူပါလေ။ - .............................................................. - No=1 အုပ်စုက - ဂျင်း - ပဲအမျိုးမျိူး၊နှမ်းအမျိုးမျိုး။ - ပြောင်းဆံ (ကတော့အခြေနေကောင်း) - မြေပဲကြား - နနွင်းတက် - ကြက်သွန်ဖြူ - ကြက်သွန်နီ - ငရုတ်ခြောက် - ဖရဲ - သခွားမွှေး - ငရုတ်စို - ........................................................... - No=2 အုပ်စုက - ကုန်စိမ်းအမျိူးမျိုး - ဥပမာ - ဂေါ်ဖီ - ပန်းပွင့် - ဥနီ - ဘိုစား - ဖရုံ - သခွား - ရွှေပဲ - ပိန်းဥ - မုံညှင်း - ငရုတ်ပွ - ခရမ်း - ငရုတ်သီးစိမ်း - သစ်သီးအမျိုးမျိုး - ဘုရားပန်း - အစရှိသဖြင့် - နောက်နှစ်မှာ ဒုတိယ အုပ်စုကိုသာ - အဓိကထား စဉ်းစားပြီး စိုက်ပျိုးရမယ်။ - ဥပမာပထမ အုပ်စုထဲမှာဆိုရင် ကြက်သွန်ကို လျှော့စိုက်ရမယ်။ - နနွင်းတက် လိုကုန်စည်မျိုးဆို ပိုစိုက် - သင့်တယ်ပေါ့။ - ........................................................... - ပြီးတော့ နောက်တစ်ခုက - မြန်မာပြည်သူလူထုရဲ့ စီးပွားရေးအခြေနေကောင်းလား မကောင်းလားဆိုတာကိုသိချင်ရင် ဘုရားပန်းစျေးကွက်ကိုကြည့်ရင် အလွယ်တကူသိရှိလို့ရနိုင်တယ်။ - အလှူအတန်းအင်မတန် ရက်ရောတတ်လေ့ရှိတဲ့ မြန်မာပြည်သူလူထုဟာ ဘုရားပန်းမှာတောင် အရင်လို မလှူဒါန်းနိုင်ကြတော့ပါဘူး။ဒါကြောင့် - တောင်လေးလုံး၊ရေပယ်၊ဟဲဟိုး၊ဥတ္တကံ၊အင်းခေါင်း စတဲ့ ပန်းစိုက်လေ့ရှိတဲ့ရွာများမှ ပန်းစိုက်တောင်သူများဟာ 2026 ခုနှစ်မှာ - ဘုရားပန်းကို ငါးဆယ်ရာခိုင်နှုန်း လျှော့စိုက်ပါ။ နှင်းဆီအပါအဝင်ပေါ့။ - ........................................................... - No2 =ရှမ်းတောင်က တောင်သူတွေ ဘယ်သီးနှံကို ဘယ်အချိန်မှာ ပေါ်အောင် စိုက်ပျိုးရင် ဈေးကောင်းရတတ်လည်းဆိုတာ။ - 1=ခရမ်းချဉ် - ဈေးကောင်းရလေ့ရှိတဲ့ ကာလများ= January / February/ June/ October/ November/December - ဈေးကျတတ်တဲ့လများ= ပြည်မမှ အသီးအနှံတွေထွက်ပေါ်တတ်တဲ့ ကာလများ March/April/May နဲ့ - မိုးတွင်းကာလများ June July August September - ……………………………………………………………………………………………………………................. - 2=ဂျင်း - အဓိက ဖြုန်းအားများတာက ဘင်္ဂလားဒေ့ရှ်။ - အနီးဆုံးဖြတ်လမ်းတစ်ခုဖြစ်တဲ့ - ရခိုင်တောင်ကုတ်လမ်းကြောင်းက ပိတ်နေလို့ ကုန်သွယ်လို့မရသေးပါ။ - ရန်ကုန်ကနေ တဆင့်သင်္ဘောနဲ့ ပတ်ပြီးတင်ပြန်ရင်လည်း ကားခနဲ့ သင်္ဘော - တန်ဆာခ မြင့်လွန်းအားကြီးသဖြင့် - အရောင်းအဝယ်နည်းနိုင်တယ်လို့မြင်မိတယ်။ - ဒါကြောင့် ခေါက်ချိုး လျှော့ စိုက်ပါ။ ဥပမာ ဆယ်ဧက စိုက်ရင် ၃ဧကလောက် စိုက်ပါ။ - လုံးဝမစိုက်ရဘူးလို့ မပြောဘူးနော်။ - ဘယ်အသီးအနှံမဆို တိုးစိုက်တာရယ်၊လျှော့စိုက်တာရယ် လုပ်တတ်ဖို့ပဲ အကြံပြုတာပါ။ - ဂျင်း - ပုံမှန်ဈေးတက်ချိန်များက ၉ လပိုင်း/၁၀ လပိုင်း /၁၁ လပိုင်း တွေဟာ ဂျင်းဈေးကောင်းရတတ်တဲ့အချိန်တွေပါ။ - ဈေးကျတတ်တဲ့အချိန်များ March April May တဝိုက်။ပြီးတော့ သင်္ကြန်ရှေ့ ဆို ဈေးကျတတ်တယ်။ သင်္ကြန်ရှေ့ မှာဆို ဂျင်းတူးပြီး သွားမရောင်းသင့်ဘူးဆိုတာကိုမှတ်ယူပါလေ။ - ပိတ်ရက်ရှည်ခံနေတာမလို့ပါ။ - 3=မုံညှင်း - မုံညှင်းကို ၆လပိုင်း/၉လပိုင်း/ ၁၁ လပိုင်းပေါ်အောင်စိုက်ပါ ကျန်အချိန်က ဈေးကျတာများပါတယ်။ - 4=အာလူး - အာလူးကို အကြော်သီးအမျိုးအစားကို ပိုစိုက်စေချင်တယ်။ - အာလူးက တရုတ်ကနေ - ဝင်လာတဲ့အခါ ပြဿနာရှိတယ်။ - ဈေးထိုးကျတတ်လေ့ရှိတယ်။ - ပြည်တွင်း အတွက် မျက်နီ၊မားကီးစ်၊ရမ်းဘား၊ဘေဘီလုံ အဲ့ဒါလေးတွေကို ရည်ရွယ်ပြီးစိုက်ပါ။ - တရုတ်သီး L6 က ဈေးရနည်းတယ်။ - ပုံမှန် အာလူးဈေးကောင်းရတတ်တဲ့အချိန်များ - May Jun Setember October November December လများ မှာဈေးကောင်းရတဲ့အချိန်လေးတွေမီတတ်ပါတယ်။ - March April July August လတွေက ဈေးကျတတ်တယ်။တရုတ်ကနေတင်သွင်းလာတဲ့ အာလူးတွေ ဝင်လာတာနဲ့လည်းသက်ဆိုင်တယ်။ - 5=ပြောင်းဆံ - များများစိုက်ပါ။ - CP ပြောင်းဆံရဲ့ အဓိကဈေးကွက်က ထိုင်းနဲ့ တရုတ်ဖက်ကအဝယ်များပြီး အားသာချက်က အလွယ်တကူ ရန်ကုန်ဆိပ်ကမ်းကနေ တင်ပို့လို့ရနေတယ်ဆိုတာပါပဲ။ အဆင်ပြေတယ်ဆိုပါတော့။ - 6=နနွင်းတက် - စိုက်သင့်တယ်။ ပြည်တွင်းဈေးကွက်မှာလည်း အကြီးကြီးရှိတယ်။ ဈေးကောင်းမရသေးလည်း ခဏထားထားလို့ရတယ်။ပုပ်သိုးကုန်လည်းမဟုတ်။ - နှစ်စဥ် ဈေးရတာလည်းမဆိုးပါဘူး။ - 7=ပဲလိပ်ပြာ - ပဲလိပ်ပြာကို အဆံခြောက်ရတဲ့အထိ စိုက်ပျိုးသင့်တယ် ဝယ်လိုအားများတယ်။ အစိုကို ၃၀% လောက် ရောင်းပြီး ကျန်တာ အဆံခြောက်ပြုလုပ်ပြီး ရောင်းချပါ။ - အစေ့ကြီးမျိုး၊ အဖြူကြားမျိုးဆို ပိုပြီးတော့တောင် လူကြိုက်များသေးတယ်။ပြည်တွင်း ဈေးကွက်လည်းရှိပြီးဝယ်လိုအားများတယ်။ - 8=ကြက်သွန်ဖြူ/ ကြက်သွန်နီ - နှောက်နှစ်အတွက် ၅၀% လျှော့စိုက်ပါ။ ဈေးကောင်းရဖို့မမြင်သေးလို့ပါ။ - 9=ဂေါ်ဖီ၊ပန်းပွင့် - ဂေါ်ဖီက ၃ လပိုင်း/ ၉ လပိုင်း/ ၁၁ လပိုင်းတွေ ပေါ်အောင်ချိန်ပြီးစိုက်ပါ။ - ကျန်တဲ့အချိန်က မြဝတီက အရင်လို ဆွဲသမားမရှိနိုင်သေးလို့ 2026 မှာ ၅၀ % - လျှော့စိုက်သင့်ပါတယ်။ - ပန်းပွင့်က မနှစ်က ပြောခဲ့သလိုပဲ ဂေါ်ဖီထက်ပို စိုက်ပါ။ပန်းပွင့် က june July August Nov Dec လတွေမှာစျေးရလေ့ရှိတယ်။ - 10=အခြားကုန်စိမ်းအုပ်စုများ - ဘိုစား၊ဥနီ၊ငရုတ်ပွ၊ရွှေပဲ၊ခရမ်း၊ဖရုံ - စတာတွေကို ပျော်ဘွယ် သို့မဟုတ် ပြည်မဘက်က အသီးအနှံတွေပေါ်လာတဲ့အချိန်နဲ့ မိုးတွင်းကာလနဲ့ မတိုးမိအောင် ချိန်ပြီး စိုက်ပါ။ - ဥပမာ Feb March April June July ကာလတွေဟာ ဈေးကျတတ်တဲ့ကာလတွေဖြစ်ပြီး ကျန်လများဟာတော့ ဈေးကွက်ပုံမှန်ရှိနေတတ်ပါတယ်။ - 11=လားရှိုးမူဆယ်လမ်းကြောင်းအနေအထားအရ - ဒီကာလမှာဖရဲ၊သခွားမွှေး၊ငရုတ်စိမ်းကို - တရုတ်ပြည်တင်ပို့ဖို့ လုံးဝမစိုက်ပါနဲ့။ - စိတ်လည်းမကူးပါနဲ့ဦး။ပြည်တွင်းအတွက်သာ ရည်ရွယ်ပြီးစိုက်ပျိုးပါဦးလို့။ - 12= ဒီလမ်းကြောအနေအထားကြောင့်ပဲ နောက်နှစ်မှာ ပဲစင်းငုံ လည်း အခြေနေမကောင်းဘူးလို့ပြောရမယ်။ တကယ်လို့စိုက်မယ်ဆိုလည်း တရုတ်နှစ်သစ်ကူးရှေ့ပေါ်အောင်စိုက်ပါ။ စျေးကောင်းရတတ်တဲ့အချိန်တစ်ခုလို့ မှတ်ယူပါလေ။ - ပြီးတော့ ဒီလမ်းကြောင်းက သူတစ်ဝက် ကိုယ်တစ်ဝက် ထိန်းချုပ်နေတာဆိုတော့ - ဒီကာလမှာ ဘာမဆိုလည်း ဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့လို့။ - ............................................................. - No=3 လောင်စာဆီပြဿနာ နဲ့ ဘဏ်အကြပ်အတည်း။ - ဒါက ကြုံတွေ့ရနိုင်သေးတယ်။ - လောင်စာဆီက ဒေါ်လာ ပြဿနာတက်ရင် ဖြစ်မယ်။ - ဒေါ်လာရှိပြီး စက်သုံးဆီဝယ်မရတာမျိုးလည်းဖြစ်နိုင် သေးတယ်။ - ဘဏ်က တချို့မြို့နယ်တွေမှာ မ Run နိုင်တာမျိုးကြုံရဦးမယ်။လက်ရှိလည်း - ကြုံနေရတာရှိတယ်။ ဒီထက်ပိုဆိုးမယ်လို့မှန်းတာပါ။ - ငွေပြိုင်ထုတ်ကြလို့ ဘဏ်စနစ် လည်ထွက်သွားတာမျိုးလဲရှိနိုင်သေးတယ်။ - ဘဏ်စနစ်အဆင်မပြေရင် သို့မဟုတ် - အကြောင်းအမျိုးမျိုးကြောင့် - အင်တာနက်မရတဲ့အခိုက်တွေမှာ - Kpay/ Wave Pay တွေမှာ ဝန်ဆောင်မှု ရပ်ဆိုင်းသွားနိုင်တယ်။ - အဲ့ဒီအခါအရောင်းအဝယ်တွေ - နှောင့်နှေးသွားနိုင်တယ်။ - အကြာကြီးတော့မဖြစ်နိုင်ပါဘူး။ ဖြစ်နေတဲ့ ရက်အပိုင်းအခြားမှာတော့ အတော်ကို ရွာလည်ကြရလိမ့်ဦးမယ်။ - ........................................................... - No=4 သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအနေအထားများကတော့ 2026 မှာ ပိုဆိုးဖို့ပဲမြင်မိတယ်။ - မဟာဗျူဟာ အရ လက်ရှိ ပြည်နယ်နဲ့တိုင်းအချို့မှာ စစ်မျက်နှာဖွင့်ထားတာတွေကိုတစ်ချက် သုံးသပ်ကြည့်ကြရအောင်။ - ပြည်နယ်တွေမှာဆို - 1=ကချင် - 2=ကယါး - 3=ကရင် - 4=ချင်း - 5=ရခိုင် - 6=ရှမ်းမြောက် - တိုင်းအနေနဲ့ဆို - 1=စစ်ကိုင်းတိုင်း - 2=မန္တလေးတိုင်း - 3=ဧရာဝတီတိုင်း - 4=ပဲခူးတိုင်း - 5=တနင်္သါရီတိုင်း - 6=မကွေးတိုင်း - နိုင်ငံအနှံ့ပဲ ဆိုပါတော့။ - ပြီးတော့ ရွေးကောက်ပွဲလုပ်ဦးမှာနဲ့ - ဆိုရင်? - ဒါ့ကြောင့် သယ်ယူပို့ဆောင်ရေး ကားဆရာများ သွားလာတဲ့အခါ သတိကြီးကြီးထားကြပါလေ။ - အထူးသဖြင့် - 1=သယံဇာတ ထွက်ရှိတဲ့ဒေသများနဲ့ - 2=မဟာဗျူဟာအရအရေးပါတဲ့ ဒေသ - တွေမှာတိုက်ပွဲတွေဟာ မကြာခဏဖြစ်လေ့ရှိတယ်။ - ဥပမာ - 1=ကချင်၊ရခိုင်၊မိုးကုတ် - 2=လွိုင်ကော်၊ မူဆယ် 105 မိုင် လိုနေရာမျိုးတွေကို နမူနာအဖြစ်မြင်ကြည့်ကြပါလေ။ - ........................................................... - No=5 သဘာဝဘေးအန္တရယ်နဲ့ မျက်ကွယ်အန္တရာယ်။ - 2026 မှာ ငလျင်ဘေးတော့မရှိသလောက်ပါပဲ။လက်ရှိတော့ လှုပ်နေဆဲပဲ။ ကျောက်လွှာတွေ အသားမကျသေးဘူးနဲ့တူတယ်။ - ဒါပေမယ့် သတိထားကြည့်မိရင် ဒီလိုကာလတွေမှာကပ်ဘေး တွေက - တစ်ခုမဟုတ် တစ်ခုကတော့ အမြဲရှိနေတတ်စမြဲဆိုတာကိုမမေ့ပါနဲ့။ - ရေဘေးကတော့ မြောင်းစနစ်အားနည်းမှုကြောင့် နှစ်စဉ်သတိထားရမယ်။ - အထူးသဖြင့် စက်တင်ဘာလမှာပေါ့။ - ရောဂါဘေး၊စစ်ဘေး၊မီးဘေး၊ငတ်မွတ်ခေါင်းပါးခြင်းဘေးတွေလည်း ရှိနေနိုင်လို့။ မိမိတို့ ဒေသအလိုက် မပေါ့ဆသင့်ဘူး။ - တချို့ ဒေသမှာ ကုန်စည်တွေ ပြတ်လပ်သွားတာမျိုးတွေလည်း ရှိနေနိုင်တယ်။ အောင်ပန်းမှာဈေးကျနေပြီး တခြားပြည်နယ်တွေမှာ မိုးထိအောင်ခေါင်ခိုက်နေတာမျိုးပေါ့။ - ဥပမာ - ရခိုင်မှာဆို ငရုတ်သီးတစ်ပိဿာ 1 သိန်းဖြစ်နေသလိုမျိုးပေါ့။ဘယ်လိုရှင်သန်ကြရပါ့။ အဲ့လိုအလားတူနေရာအချို့တွေမှာ သတိထားကြဖို့လိုပါတယ်။ - ရှမ်းတောင်မှာ သတိထားရမယ့် နေရာအချို့။ - 1=အင်းလေးကန် ဖယ်ခုံအစပ် - 2=ပင်လောင်း ဖယ်ခုံအစပ်နဲ့ - 3=ရွာငံဒေသနေရာတချို့ - ထိတွေ့မှု မကြာခဏ ဖြစ်လေ့ရှိတဲ့နေရာလေးတွေလို့ဆိုပါတော့။ - လက်ရှိအနေအထားအရ - အောင်ပန်း ကတော့ Safe အဖြစ်ဆုံးမြို့လို့ပြောလို့ရနေသေးတယ်။ - ........................................................... - 6=ဘာတွေကြိုတွေးထားသင့်သလဲ - မိမိနေထိုင်ရာဒေသက ဘယ်လိုအနေအထားရှိလည်း ရေရေလည်လည်သုံးသပ်ပါ။ကြိုတင်ပြင်ဆင်ပါ။ - စိုက်ပျိုးရေးကတော့ လုပ်ရမှာပါပဲ။ - သို့သော် တိုက်ပွဲ ဧရိယာမှာ သွားစိုက်ထားမိသလိုမဖြစ်စေနဲ့။ - လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဆောင်းပြောင်းမှာ ဂျင်းစျေးကောင်းလို့ တူးမလို့ပါဆို အဲ့ဒီနေရာမှာ တိုက်ပွဲလာဖြစ်နေတော့ မတူးလိုက်ရဘူး။တူးလို့ရတဲ့အချိန်ကြတော့ စျေးကျသွားပါလေရော။ - ဒါကြောင့် မိမိဒေသရဲ့အနေအထားကို သေချာတွက်ချက်ပြီးမှသာ စိုက်ပျိုးသင့်တယ်ပေါ့။ - စစ်ဖြစ်ရင်လည်း အစားအသောက်က မစားလို့ကိုမရလို့ စိုက်ပျိုးရေးလုပ်တာကတော့လုံးဝမမှားပါဘူး။ဒါပေမယ့် သီးနှံထွက်ပေါ်လာမယ့် အချိန်အခါ နဲ့ ပထဝီဝင်မြေပြင် အနေအထား ကိုတော့သေချာသိဖို့လိုတယ်ပေါ့။ - ........................................................... - ........................................................... - နိဂုံးချုပ်အနေနဲ့ - ကျွန်တော်မှန်းထားတာ မမှားခဲ့ရင် 2027 ခုနှစ် ကုန်လွန်ပြီးမှသာ မြန်မာပြည်ရဲ့အနေအထားဟာ အကောင်းဘက်ကို - တဖန် ပြန်လည်ရောက်ရှိ လာလိမ့်မယ်လို့ မြင်မိတယ်။ - ဒီကြားထဲ မှာ မိဘပြည်သူများအားလုံး သတိ တစ်လုံးကို အစဥ်သုံးပြီးတော့ - မမေ့မလျှော့ မပေါ့မဆနဲ့ သေသေချာချာတွက်ချက်ပြီးမှသာ ရောင်းကြ၊ဝယ်ကြ၊စိုက်ကြ၊ပျိုးကြ၊သွားကြ၊လာကြဖို့ လိုပါတယ်။ - ဒီထက်ပိုပြီး ဂရုစိုက်ဖို့လည်း အထူးလိုအပ်သထက်လိုအပ် လာပါကြောင်းနဲ့ အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းကိုလည်းပြောကြားရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ - ထုံးစံအတိုင်း - ကျွန်တော်စနေမောင်မောင်ပါ။ - ထွက်တိုးမှ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။ - original link - https://www.facebook.com/share/p/15o2GNijh2/ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
