မီးဖိုချောင်ထွက်ပစ္စည်းများမှ အလွယ်တကူ ရရှိနိုင်သော သဘာဝဆံပင်သန်ဆေးများ
- (၁) ကြက်သွန်နီ - သင့်မီးဖိုချောင်ထဲက ကြက်သွန်နီသည်လည်း သင့်ဆံပင်အတွက် အထူးကောင်းမွန်သည်ကို မမေ့ပါနဲ့။ ကြက်သွန်နီကို အရည်ညစ်ကာ ဆံပင်နားသန်ထောင့် ပါးသောနေရာကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးနောက် ခေါင်းလျော်ရည်အပျော့ဖြင့် လျှော်ပါ။ ကြက်သွန်နီတွင် ဆာဖာလ်ပါဝင်မှု များသောကြောင့် ဆံပင်ကျွတ်စေသော ပိုးမွှားများသေစေနိုင်သည့်အပြင် သွေးလည်ပတ်မှုကောင်းကာ ဆံပင်ပြန်လည်ထူလာနိုင်ပါတယ်။ - (၂) လက်ဖက်စိမ်းခြောက် - လက်ဖက်စိမ်းခြောက်နှစ်ထုပ်ကို ရေနွေးဖြင့်ခပ်ပျစ်ပျစ်ဖျော်ပါ။ ပြီးနောက်အအေးခံကာ ဦးရေပြားနှင့် ဆံပင်တခုလုံး သုတ်လိမ်းပေးပါ။ မိနစ် ၃၀ အကြာ ရေဆေးချပါ။ လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဦးရေပြားဆဲလ်များ ပျက်ဆီးခြင်းကို ကာကွယ်ပြီး ကျန်းမာသန်စွမ်းသော ဆံပင်များ ပြန်လည်ရရှိစေနိုင်ပါတယ်။ - (၃) အားလူးပြုတ်ရည် - အရွယ်အနေတော်အားလူး ၂ လုံး အလုံးအတိုင်းကို ရေထဲထည့်ပြုတ်ကာ ရရှိလာသော အားလူးပြုတ်ရည်ကို အအေးခံပါ။ ထို့နောက် ပုံမှန်အတိုင်း ခေါင်းလျော်ပါ။ နောက်ဆုံးတွင် အဆိုပါ အာလူးပြုတ်ရည်နှင့် ခေါင်းလျော်လိုက်ပါ။ အားလူးတွင်ပါဝင်သော vit B; vit C ; ဇင့်နှင့် နာရာစင် တို့ကြောင့် ဆံပင်များ အာဟာရပြည့်ကာ ကျန်းမာသန်စွမ်းစေပါတယ်။ - (၄) သံလွင်ဆီ - သံလွင်ဆီသည် အလှအပအတွက် အမျိုးမျိုးအဖုံဖုံအသုံးဝင်သော အဆီဖြစ်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို အပူပေးကာ ဦးရေပြားကို လိမ်းခြယ်နှိပ်နယ်ပေးပါ။ ဆံပင်နားသန်ထောင့်နေရာ အဓိကထားပါ။ ၁၅ မိနစ်ခန့် ပွတ်လိမ်းပေးပါ။ ထို့နောက် တနေကုန်ထားလိုက်ပါ။ အလုပ်မှအပြန် သံလွင်ဆီအနည်းငယ်နှင့် ထပ်မံပွတ်လိမ်းပြီးနောက် ရေအေးဖြင့်ဆေးချပေးပါ။ သံလွင်ဆီဖြင့် နှိပ်နယ်ပေးမှုကြောင့် ဆံပင်အမွှေးပေါက်များကို လှုံဆော်မူပေးကာ သွေးလည်ပတ်မူအားကောင်း၍ ဆံပင်များ ပြန်လည်ထူထပ်လာပါလိမ့်မယ်။ တစ်ပတ်လျှင် ၂ – ၃ ကြိမ်ပြုလုပ်ပါ။ - (၅) ရှားစောင်းလက်ပတ် - ရှားစောင်းလက်ပတ်အသားကို ခြစ်ယူကာ ဆံပင်တစ်ခုလုံး သုတ်လိမ်းပေးပါ။ တစ်နာရီခန့် အကြာတွင် ခေါင်းလျှော်ရည်အပျော့ဖြင့် လျှော်ချလိုက်ပါ။ ရှားစောင်းလက်ပတ်တွင် ပါဝင်သော - ဆံပင်သန်စွမ်းစေသော ဗီတာမင် A; B; C နဲ့ E ကြောင့် ဆံပင်အာဟာရပြည့်ကာ ပြန်လည် သန်စွမ်းလာပါလိမ့်မယ်။ တစ်ပတ် ၃ – ၄ ကြိမ်ပြုလုပ်ပါ။ - (၆) အုန်းဆီ - သဘာဝအုန်းဆီ အသုံးပြုသူနည်းလာသောကြောင့် အဆိုပါနည်းပါ ထည့်သွင်း ရေးသားလိုက်ပါတယ်။ အုန်းဆီကို အနည်းငယ်နွေးအောင်ပြုလုပ်၍ တစ်ခေါင်းလုံးရွှဲအောင် ပြုလုပ်ပေးပါ။ မိနစ် ၃၀ အကြာ ရေးဆေးချလိုက်ပါ။ အုန်းဆီတွင်ပါဝင်သော Fatty acid သည် ဦးရေပြား အားဖြည့်ကာ ဆံသားများပျော့ပြောင်း နူးညံ့စေပါတယ်။ ပိုးသေစေနိုင်သောကြောင့် ဆံပင်များ ကျန်းမာသန်စွမ်းစေပါတယ်။ - အထက်ပါ လွယ်ကူသက်သာ ဘေးအန္တရာယ်ကင်းစေသော သဘာဝနည်းလမ်းများကို တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းမှုကို ပြန်လည်ရယူလိုက်ပါ။ - Dr.ပြည့်ရှင်း ထံမှ ကိုးကားဖော်ပြသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
