cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုးရိမ်ရေမှတ်ရောက်ရန်အတော်နီးကပ်နေသောကြောင့် သတိပြုရန် နှင့် စိုက်/မွေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၉ ရက်မှ ၁၃ ရက်နေ့ အထိ မိုးရွာရန် ရာနှုန်း မှာ ၉၂ နှင့်အထက်မှာရှိနိုင်ပြီး ကျန် ရက်တွေမှာ မိုးရွာရန် ၆၅-၇၃ ရာခိုင်နှုန်းနှင့်အတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။
  • ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက် မှ ဇူလိုင်လ ၁၅ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်         

    ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၉ ရက် မှ ၁၃ ရက် နေ့ အထိ မိုးရွာရန် ရာခိုင်နှုန်း ၉၂ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။   ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၄ - ၆၆ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။  

    မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၈၂) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၉ ရက် မှ ၁၁ ရက်နေ့ အထိ မိုးရွာရန် ၇၈-၈၂ ရာခိုင်နှုန်း ကြားမှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅-၅၇ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၆°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။        

      နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၅) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇူလိုင်လ ၉ ရက်မှ ၁၃ ရက် ထိ မိုးရွာရန် ၉၁ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။        

      တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၁၁ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၉၈ ရှိနိုင်ပြီး ၉ ရက်နေ့မှာတော့ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိ နိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၃-၈၈ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။       

      မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၇၅) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၉-၁၀ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၄၀ သာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၄-၇၅ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။        

      ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၉ ရက်မှ ၁၃ ရက်နေ့ အထိ မိုးရွာရန် ရာနှုန်း မှာ ၉၂ နှင့်အထက်မှာရှိနိုင်ပြီး ကျန် ရက်တွေမှာ မိုးရွာရန် ၆၅-၇၃ ရာခိုင်နှုန်းနှင့်အတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။        

      စိုးရိမ်ရေမှတ်ရောက်ရန်အတော်နီးကပ်နေ 

      ပဲခူးမြစ်အထက်ပိုင်းနှင့်အောက်ပိုင်းဒေသတွေအတွက် - 

    ဇူလိုင် ၅/၆/၇/၈ နဲ့ ဇူလိုင် ၁၂/၁၅/၁၆/၁၇ ရက်တွေမှာမိုးရေချိန် ၂၄ နာရီအတွင်းလက်မဝက်အထက်မှ ၁ လက်မအထက်ဆက်လက်ရွာနေနိုင်ပြီး၊ မြစ်အထက်ပိုင်းမှ ရေစီးအဝင်များလာကာ၊ မြစ်အောက်ပိုင်းမှာရေတောင့်နေနိုင်ပါမယ်။ 

    ပဲခူးမြစ်အောက်ဘက် သနပ်ပင်/တာဝ မြို့တွေမှာ - 

    ⚠️ ဇူလိုင် ၅ ရက် ၃နာရီ ၃၀ မှ ဇူလိုင် ၈ ရက် ၃ နာရီ ၃၀ အထိ ၇၂ နာရီအတွင်း မိုးရေချိန် ၃.၆၈ လက်မ ရွာနိုင်တာကိုကြိုတင်ခန့်မှန်းတွေမှာ တွေ့ရတဲ့အတွက်၊ 

    လက်ရှိအချိန်မှာရေဝင်နေတဲ့ အနိမ့်ပိုင်းရပ်ကွက်များမှ ရေပြန်မကျနိုင်သေးပဲ ဆက်တိုးလာနိုင်ပါဦးမယ်။ 

    ⚠️ ပဲခူးမြစ်ရေအခြေအနေက ဆက်တိုးနေ/တက်နေပြီး စိုးရိမ်ရေမှတ်ရောက်ရန်အတော်နီးကပ်နေပြီဖြစ်တာကြောင့် နောက်လာမဲ့ ၂၄ နာရီမှ ၄၈ နာရီအတွင်း ပဲခူးမြို့မှ ရေမဝင်သေးတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာလဲ ရေစဝင်လာနိုင်/ရေတက်လာနိုင်ပါတယ်။   

    ရွက်လိပ်ရွက်ကပ်ပိုးကျရောက်မှု အတွက် စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    လက်ရှိ မိုးစပါးစိုက်တောင်သူများ စပါးပင်ငယ်စဥ် ရွက်လိပ်ရွက်ကပ်ပိုးကျရောက်မှုနဲ့ ပတ်သတ်ပြီး မေးမြန်းလာသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 

    ရွက်လိပ်ရွက်ကပ်ပိုးသည် စပါးတွင်အရေးကြီးဖျက်ပိုးမဟုတ်သော်လည်း အပင်ကြီးထွားချိန်တွင်ကျရောက်ပါက အပင်အစာချက်လုပ်မှုကိုထိခိုက်နိုင်သည်။ 

    မိုးများ၍ ရာသီဥတုအေးမြေသောအခြေအနေသည် ရွက်လိပ်ရွက်ကပ်ပိုးပွားများမှုကို အားပေးပါသည်။ 

    ဒါကြောင့် စပါးပင်ငယ်စဥ်တွင် နိုက်ထရိုဂျင်ပုလဲမြေဩဇာကို အလွန်အကျွံထည့်သွင်းခြင်းမလုပ်ပါနဲ့။ 

    ပိုတက်စီယမ် (K) + ဆီလီကာ (Si) မြေဩဇာကိုအဓိကထည့်သွင်းပေးပါ။ 

    စိုက်ခင်းရေထုတ်ပြီးမှ ပိုးသတ်ဆေးကိုဖျန်းပါ။ 

    ရွက်လိပ်ရွက်ကပ်အတွက်အသုံးပြုနိုင်သော ဓာတုဆေးများ- Cartap hydrochloride, Chlorantraniliprole, Monosultap 

    ငါး၊ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက် 

    ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ 

    ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။ 

    အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။ 

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather ၊ မိုးဇလ       

    ----------------       

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12       

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို        

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.        

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437        


likes
10
comments
0
views
3946