တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- ( ၇. ၇.၂၀၂၅ မှ ၁၁.၇. ၂၀၂၅) - စားတော်ပဲစျေးထပ်တက်လာပေမယ့် မတ်ပဲနဲ့ ပဲစဥ်းငုံ ၊ ပြောင်း ၊ ကုလားပဲ စျေးတွေကျလာပါတယ်။ - မတ်ပဲ - ယခုတစ်ပတ်မှာ မတ်ပဲက စျေးပြန်ကျပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို အရင်အပတ်က ၉၆၀၀၀ ကျပ်သာရှိပါတယ်။ မတ်ပဲက လောလောဆယ် အရောင်းအဝယ်အေးနေတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနဲ့ အင်္ဂါနေ့မှာ မတ်ပဲ FAQ တစ်တန်ကို ၃၀၀၂၀၀၀ မှ ၃၀၀၉၀၀၀ ကျပ်ရှိပြီး ကြာသပတေးနဲ့ သောကြာမှာ ၂၉၈၉၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်သာရှိပါတယ်။ - အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို မတ်ပဲ FAQ တစ်တန်ကို ၂၉၈၇၀၀၀ ကျပ်မှ ၃၀၂၀၀၀၀ ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာတော့ တစ်တန်ကို ၁၀၀၀၀ ကျော်လောက် အကျပြ ပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးနည်းနည်းပြန်အေးပါတယ်။ အရောင်းအဝယ်လည်း အေးနေပါတယ်။ အိန္ဒိယက ဝယ်လိုအားနည်းပြီး စျေးက အကျဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၈၁၀၀၀၀ မှ ၂၈၂၇၀၀၀ ကျပ် ရှိပါတယ်။ - အရင်အပတ်တုန်းက တနင်္လာကနေ့မှ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၇၈၀၀၀ မှ ၂၈၄၅၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၃၀၀၀၀ ကျော်လောက်ကျလာပါတယ်။ နယ်စျေးကွက်မှာလည်း ပဲစင်ငုံနီ ပိဿာ ၂၀ တစ်တင်းကို ၈၀၀၀၀ ကျပ်ကျော်သာရှိပါတယ်။ - စားတော်ပဲ - စားတော်ပဲကတော့ စျေးဆက်တိုက် ထပ်တက်လာပါတယ်။ ပြည်တွင်းစားသုံးမှုရှိနေပြီး ဝယ်လိုအားကောင်းခြင်း ၊ ပဲအဝင်နည်းခြင်းအခြေအနေတွေကြောင့် စျေးဆက်တိုက်မြင့်လာတာ ဖြစ်ပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၄၇၀၀၀၀ ကျပ်မှ ၄၈၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၆၀၀၀၀ ကျပ်လောက်ထပ် တက်လာပါတယ်။ စားတော်ပဲ (ကျွန်း) က ၅၂၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်ရှိလာပြီး အရင်အပတ်ကထက် ၂၅၀၀၀ လောက် ထပ်တက်လာပါတယ်။ - ပြောင်း - ပြောင်းကတော့ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျလာပါတယ်။ ကမ္ဘာ့ပြောင်းစျေးကွက် ကျဆင်းတာကြောင့် ပြည်တွင်းပြောင်းစျေးကွက် ထပ်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်းအဝယ်အေးလည်းနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ခုတစ်ပတ် ပြောင်းတစ်ပိဿာကို ၁၇၂၀ မှ ၁၇၄၀ ကျပ်သာရှိပါတယ်။ အရတစ်ပတ်ကထက် တစ်ပိဿာ ၁၀ ကျပ်နှုန်း ထပ်ကျလာတာဖြစ်ပါတယ်။ - မန္တလေးမှာတော့ ပြောင်း (ဗမာ) ၈၇၀၀၀ မှ ၈၈၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ်နဲ့ငြိမ်နေ ပါတယ်။ - ကုလားပဲ - ကုလားပဲကတော့ အကျ စျေးတန်းမှာပဲ ရှိနေတာတွေ့ရပါတယ်။ ပဲခွဲစက်တွေ ဝယ်ယူမှုအေးခြင်း ၊ လုပ်ငန်းသုံးသမားအဝယ်အေးခြင်း ၊ပြည်တွင်းစားသုံးမှု လျော့လာတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်အေးပြီး စျေးကျလာတာဖြစ်ပါတယ်။ကုလားပဲက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်လို့ ပြည်တွင်း စားသုံးမှု အနည်းအများ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို ၂၆၃၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၆၅၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၅၃၀၀၀ ကျပ်ရှိပါတယ်။ - AMIA - --------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
