cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရု၊ ရွှေခရု၊ တီကောင်၊ ပဲပုတ်စေ့များဖြင့် အမိုင်နိုအက်ဆစ်မြေသြဇာအရည်ပြုလုပ်ခြင်း

. အော်ဂဲနစ်ဓာတ်မြေသြဇာ
သုတေသနများအရ အမိုင်နိုအက်ဆစ်ရွက်ဖျန်းဆေးများသည် ပက်ဖျန်းပြီး (၂၄)နာရီအတွင်း အပင်၏အမြစ်ထိရောက်ရှိသွားသည်ကို တွေ့ရှိရပြီး (၃)ရက်အတွင်း အာနိသင်ပြကြောင်း တွေ့ရှိရပါသည်။ သဘာဝမြေသြဇာများနှင့်အတူ အမိုင်နိုအက်ဆစ်များအား ပူးတွဲသုံးစွဲပေးခြင်းဖြင့် သီးနှံများအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်နိုင်မည်ဖြစ်ပါသည်။
  • ပရိုတင်းပါဝင်သည့်အရာများ/အသားများအား ရေဖြင့် (၁း၁) အချိုးတူစွာ ရောကြိတ်ပါ။ ဥပမာ- ခရု၊ ရွှေခရု၊ တီကောင်များ၊ ပဲပုတ်စေ့ တို့တွင် ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်ပါဝင်မှု အလွန်မြင့်မားသည်။

     -တင်လဲရည် သို့မဟုတ် သကြားကို ပါဝင်ပစ္စည်းများနှင့် ဆတူထည့်ပေးပါ။  

    -အပူချိန် (၆၀)ဒီကရီစင်တီဂရိတ်ခန့်တွင် (၁)မိနစ်ခန့် အပူပေးပါ။ (မပြုတ်ရ)  

    -အအေးပြန်ခံ၍ (ဖြစ်နိုင်လျှင်) pH 5 အထိ ညှိပေးပါ (အနံ့ဆိုးထွက်စေသည့် ဘက်တီးရီးယားများမပွားလာစေရန်ဖြစ်သည်။ pH မီတာမရှိလျှင် ညှိစရာမလိုပါ။)  

    - ဆွေးမြည့်မှုမြန်ဆန်စေရန်၊ ပရိုတင်းအသားဓာတ်မှ အမိုင်နိုအက်ဆစ်အဖြစ်ပြိုကွဲသွားစေရန်နှင့် ပုပ်မသွားစေရန်အတွက် သင်္ဘောသီးမှရရှိသည့် အစေး သို့မဟုတ် papain အင်ဇိုင်းကို ရောနှောပါ။  

    - EM သို့မဟုတ် IMO ရှိလျှင် ရေနွေးပန်းကန်တစ်လုံးခန့် ထည့်မွှေပေးပါ။  

    -အားလုံးကြေသွားသည်အထိ ရောကြိတ်ပေးပါ။  

    -အဖုံးပိတ်၍ သိုလှောင်ထားပါ။ အဖုံးကို နေ့စဥ် ခေတ္တလှပ်ပေးခြင်းဖြင့် ထွက်လာသောဓာတ်ငွေ့များအား ဖယ်ရှားပေးပါ။  

    - (၇-၁၀) ရက်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။  

    - ရေဖြင့် ၂း၁၀၀၀ မှ ၄း၁၀၀၀ အချိုး ရောစပ်ပက်ဖျန်းပေးနိုင်သည်။  

    - မြေဆီလွှာနှင့် မြေဆွေးပုံများအတွင်းရှိအဏုဇီဝများ ပိုမိုပွားများလာစေရန် လောင်းထည့်ပေးနိုင်သည်။  

    သတိထားသင့်သည့်အချက်များ -- 

    - ဓာတုဖြစ်စေ အော်ဂဲနစ်ဖြစ်စေ ရွက်ဖျန်းအားဆေးသည် မြေသြဇာများကဲ့သို့ အာဟာရဓာတ်များပါဝင်မှု မမြင့်မားပါ။ - ရွက်ဖျန်းအားဆေးတစ်ခုထဲဖြင့် မလုံလောက်ပါ။  

    - ဖြည့်စွတ်အာဟာရအဖြစ်လည်းကောင်း၊ အမြစ်များမကျန်းမာချိန် သို့မဟုတ် ရေဝပ်ချိန် သို့မဟုတ် အာဟာရချို့တဲ့ချိန်တွင် အပင်၏အာဟာရလိုအပ်ချက်ကို ရွက်ဖျန်းအားဆေးများမှ အလျင်အမြန်ဖြည့်တင်းပေးနိုင်သည်။  

    - သုတေသနများအရ အမိုင်နိုအက်ဆစ်ရွက်ဖျန်းဆေးများသည် ပက်ဖျန်းပြီး (၂၄)နာရီအတွင်း အပင်၏အမြစ်ထိရောက်ရှိသွားသည်ကို တွေ့ရှိရပြီး (၃)ရက်အတွင်း အာနိသင်ပြကြောင်း တွေ့ရှိရပါသည်။  

    - သဘာဝမြေသြဇာများနှင့်အတူ အမိုင်နိုအက်ဆစ်များအား ပူးတွဲသုံးစွဲပေးခြင်းဖြင့် သီးနှံများအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်နိုင်မည်ဖြစ်ပါသည်။  

    References - http://www.priyachem.com http://hpeingredients.com/.../snail-proteins-rich-in... 

    ဒေါက်တာဝဏ္ဏထွန်း 

    -----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
13
comments
5
views
2332