ကြူကုတ် စျေးတက် ပြီး ရှမ်းကြက်သွန်ဖြူများ စျေး ပြန်ကျလာ
- “နောက်နှစ်ကြက်သွန်ဖြူ စျေး အခြေနေမကောင်းဘူးလို့ ခန့်မှန်းထားတာ အခုကတည်းက ကြက်သွန်ဖြူ စျေးပြုတ်ကျသွားတယ်။ “ ဟု ရှမ်းပြည်နယ် အောင်ပန်းမြို့ မှ ကုန်သည်တစ်ဦးက ပြောသည်။ - ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် ကြုကုတ် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ဖြစ်ပြီး ထူး -၁ တစ်ပိဿာလျှင် ၄၀၀၀ကျပ် ၊ အောင်ပန်း ထူး-၂ တစ်ပိဿာလျှင် ၅၀၀၀ကျပ် နှင့် အောင်ပန်း ထူး - ၃ တစ်ပိဿာ လျှင် ၆၀၀၀ ကျပ် ၊ နှင့် အောင်ပန်း ထူး- ၄ တစ်ပိဿာ လျှင် ၇၀၀၀ ကျပ် ၊ ထူး-၅ တစ်ပိဿာ လျှင် ၇၅၀၀ အထိ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။ - စျေးကွက် စောင့်ကြည့်သူများ အနေဖြင့်လည်း ကြက်သွန်ဖြူများကို အခုလာမည့် ၉လပိုင်း စက်တင်ဘာလ နောက်ဆုံးထားပြီး တက်တက်ကျကျ ရောင်းပစ်ရန် တောင်သူများ အတွက် အကြံပြုထားခြင်းလည်း ရှိသည်။ - “ရှမ်းမြောက် ပိတ်ထားရင် ကြူကုတ် အဝင်နည်းသွားမှာပဲ။ အဝင်နည်းပြီး အခုက အဝယ်သွက်နေရင်း ကြူကုတ်က စျေးတက်မှာပဲ။“ ဟု exporter တစ်ဦးက ပြောသည်။ - ပြည်တွင်း နယ်စပ်အခြေအနေ များကြောင့် တရုတ်နိုင်ငံမှ တရားမဝင် ကြက်သွန်ဖြူဝင်ရောက်မှုနည်း တာကြောင့် ကြူကုတ်ကြက်သွန်ဖြူများ စျေးတက်နေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။ - လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာလျှင် ၁၀၀၀၀မှ ၁၀၅၀၀ ကျပ် အထိ ပေါက်စျေးရှိပြီး အောင်ပန်း ထူး-၂တစ်ပိဿာလျှင် ၄၃၀၀ကျပ် နှင့် အောင်ပန်း ထူး ၃ တစ်ပိဿာလျှင် ၅၇၀၀ကျပ် ၊ နှင့် အောင်ပန်း ထူး -၄ တစ်ပိဿာလျှင် ၆၃၀၀ကျပ်၊ အောင်ပန်း ထူး- ၅ တစ်ပိဿာ လျှင် ၆၅၀၀အထိ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။ - ကြက်သွန်ဖြူကို ပြည်တွင်း ၌ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရပါသည်။ - ကြက်သွန်ဖြူအသစ်များ မှာ ဖေဖော်ဝါရီလလယ် မှစ၍ မေ လ အထိ စျေးကွက်တွင်း ဝင်လေ့ရှိကြောင်း သိရသည်။ - ကြက်သွန်ဖြူအား ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့တို့မှာ အဓိကထား စိုက်ပျိုးကြပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကြက်သွန်ဖြူပိဿာချိန် သိန်း ၅၀ ခန့် စားသုံးကြကြောင်း သိရသည်။ - ဖိုးချဲ(AMIA) - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
