၁၉ ဇူလိုင် တို့မမေ့နိုင်
- အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ - ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၈ ကြိမ်မြှောက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော - အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် မြန်မာပြည် လွတ်လပ်ရေးအတွက် အသက်ချွေးသွေး ပေးဆပ်ခဲ့ကြသော အာဇာနည် သူရဲကောင်းအပေါင်းတို့အား လှိုက်လှဲဝမ်းနည်းခြင်းများစွာဖြင့် ဦးညွှတ် ဂါရဝပြုအပ်ပါသည်ခင်ဗျာ။ - #အာဇာနည်နေ့ - # ၁၉ဇူလိုင်မမေ့နိုင် - #HtwetToe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
