cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုရာတွင် ဆေးနှုန်းထား တွက်ချက်ဆုံးဖြတ်မှု

. ပိုးမွှား
စျေးကွက်တွင် ရောင်းချနေသော 2,4-D ဆေးသည် 50 % ပြင်းအားရှိသောWP ဆေးဖြစ်နေလျှင် တစ်ဧကအတွက် ဆေးအစစ် ၁၀၀% ပြင်းအားရှိသည့်ဆေးအတွက် အသုံးပြုရမည့်နှုန်းထားကို တွက်ချက်သတ်မှတ်ရာတွင် စျေးကွက်ရှိ 2,4-D 50% WP ဆေး 4 kg သုံးမှသာ ထိုတစ်ဧကရှိ ရွက်ပြန့်ပေါင်းများသေစေရန် လုံလောက်သောနှုန်းထားဖြစ်ပါသည်။
  • မေးလေ့ရှိကြတယ်။ ခပ်လွယ်လွယ်ပဲ။ ဒီဆေးဆိုရင် တပုံးကို ဘယ်လောက်သုံးရမလဲဆိုတာမျိုး။ ဒီ ပိုး နှိမ်နင်းဖို့ ဆေးတပုံးကို ဆေးဘယ်လောက်ထည့်ရမလဲဆိုတာမျိုး။ ဆေးနှုန်းထားဆိုတာ စိတ်မှန်းနဲ့ ပြောချင်ရာ မှန်းပြောလို့မရပါဘူး။ ဘယ်ဆေးမဆို (ပိုး၊ မှို၊ ပေါင်းသတ်ဆေး) နှုန်းထားသတ်မှတ်ရာမှာ တိကျခိုင်မာတဲ့ တွက်ချက်ဆုံးဖြတ်မှု ရှိရပါတယ်။ အခြေခံအားဖြင့် အချက် ၄ ချက်အပေါ် မူတည်ပြီးတွက်ချက်သတ်မှတ်ပါတယ်။

    ၁။ တစ်ဧကအတွက် လိုအပ်သော အဆိပ်ရှိပစ္စည်း (ဓာတုစစ်စစ်) ပမာဏ။

    ၂။ တစ်ဧက လိုအပ်သော ဆေးဖော်မြူလာတွင် ပါဝင်သောပမာဏ (ဆိုလိုသည်မှာ Acetameprid 50 WP သို့မဟုတ် Cartap 4 G. စသည်ဖြင့်)။

    ၃။ ရေတစ်လီတာ သို့မဟုတ် တစ်ဂါလံအတွက် အမှန်တကယ်လိုအပ်သော ဆေးပမာဏ

    ၄။ ဖျော်စပ်မည့် ဆေးရည်ပမာဏတွင် ပါဝင်စေလိုသော ဆေးပြင်းအား

    စသည့်အချက် ၄ ချက်အပေါ်မူတည်၍ နှုန်းထားကို သတ်မှတ်ရပါတယ်။

    နံပါတ် ၁ နှင့် ၂ အချက်သည် ဧရိယာကျယ်ပြန့်သော စိုက်ခင်းများတွင် အသုံးပြုရန်အတွက် နှုန်းထားသတ်မှတ်ရာတွင် အသုံးပြုသည်။ အသုံးပြုမည့် ဆေးဖျန်းပုံးအရေအတွက်နှင့် ဆေးရည်လိုအပ်ချက်ကို ဦးစွာတွက်ချက်ရန်လိုသည်။

    နံပါတ် ၃ နှင့် ၄ သည် သုတေသနစမ်းသပ်ကွက်ငယ်များ၊ စိုက်ခင်းငယ်များ၊ အလှစိုက်ပင်များ စသည်တို့အပေါ် ဆေးဖျန်းရန်လိုအပ်သောအခါ နှုန်းထားတွက်ချက်ရမည့်ပုံစံဖြစ်သည်။

    နံပါတ် ၁ အတွက် ဉပမာ တွက်ချက်မည်ဆိုလျှင် တဧကအတွက် 2 kg 2,4-D ဆေးမှုန့်အသုံးပြုရန်လိုအပ်သည်ဆိုပါစို့။

    ထိုသတ်မှတ်ချက်သည် ဆေးအစစ် ၁၀၀ % ပါဝင်သော 2,4-D ဆေး ၂ ကီလိုဂရမ်ကို သုံးမှသာ ထိုစိုက်ခင်းထဲရှိ ရွက်ပြန့်ပေါင်းများကို ထိရောက်စွာနှိမ်နင်းနိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

    စျေးကွက်တွင် ရောင်းချနေသော 2,4-D ဆေးသည် 50 % ပြင်းအားရှိသောWP ဆေးဖြစ်နေလျှင် တစ်ဧကအတွက် ဆေးအစစ် ၁၀၀% ပြင်းအားရှိသည့်ဆေးအတွက် အသုံးပြုရမည့်နှုန်းထားကို တွက်ချက်သတ်မှတ်ရာတွင် စျေးကွက်ရှိ 2,4-D 50% WP ဆေး 4 kg သုံးမှသာ ထိုတစ်ဧကရှိ ရွက်ပြန့်ပေါင်းများသေစေရန် လုံလောက်သောနှုန်းထားဖြစ်ပါသည်။

    ဆေးဖျော်ရန် လိုအပ်သောရေ (ဆေးဖျန်းပုံးအရေအတွက်) သည် ပေါင်းပင်ဦးရေ၊ ပေါင်းပင်အရွယ်အစား၊ ဆေးဖျန်းပုံးတွင် ဝင်ဆန့်မည့် ပမာဏ စသည်တို့အပေါ် မူတည်သည်။

    နံပါတ် ၂ အတွက် နှုန်းထားသတ်မှတ်ပုံသည်ရိုးရှင်းသော နှုန်းထားသတ်မှတ်ချက်ပုံစံဖြစ်သည်။ ဉပမာ တစ်ဧကအတွက် Cypermethrin 35% EC ဆေး ၃၀၀ စီစီ ဆိုပါစို့။ မူလဆေးဖော်စပ်မှုပြင်းအားအတိုင်း ၃၀၀ စီစီကို သုံးလျှင် ထိုတစ်ဧကတွင် ကျရောက်နေသော ဖျက်ပိုးကိုနှိမ်နင်းရန် လုံလောက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

    ဤ နှုန်းထားသတ်မှတ်ချက်တွင် အသုံးပြုသူဘက်မှ သတိပြုရမည်မှာ မိမိစိုက်ခင်းအကျယ်အဝန်းအတွက် အမှန်တကယ်လိုအပ်သော ဆေးရည်ပမာဏကို တွက်ချက်ရမည်(အသုံးပြုမည့်ဆေးပုံးအရေအတွက်) ဖြစ်ပြီး လိုအပ်သည့်ဆေးရည်ပမာဏအတွက်သာ ဆေးနှုန်းထားကို အသုံးပြုရမည်ဖြစ်သည်။

    ပုံစံ နံပါတ် ၁ အတွက် တွက်ချက်ပုံမှာ

    တစ်ဧက စိုက်ခင်းအတွင်း ပျ နှိမ်နင်းရန်အတွက် Acetameprid 1 kg AI အသုံးပြုရန် လိုအပ်သည်။

    ဆေးဆိုင်မှ ဝယ်ယူလာသောဆေးမှာ Acetameprid 40% WP ဖြစ်သည်။

    ဆေးအစစ် Acetameprid 100 % ပြင်းအား 1 kg ဖြစ်ရန်အတွက်

    Kg/ဧက (Acetameprid)/ 40% WP = 1 kg/40 %

    = 1 kg/ 0.4

    = 2.5 kg (တစ်ဧကစာ ပျ နှိမ်နင်းရန်အတွက် ဆေးနှုန်းထား 2.5 kg သတ်မှတ်သုံးစွဲရမည်ဟု ဆိုလိုသည်။)

    အရည်ပုံစံအတွက်ဆိုပါက

    တစ်ဧကစိုက်ခင်းတွင် မွှားပင့်ကူနှိမ်နင်းရန် 0.1 kg AI ပမာဏ အဘာမက်တင်ဆေးအသုံးပြုရမည်။

    ဝယ်ယူလာသောဆေးသည် Abamectin 20% EC ဆေး ဖြစ်ပါက လိုအပ်သောဆေးနှုန်းထားတွက်ရမည်မှာ

    လိုအပ်သော ၂၀% ပြင်းအားရှိ အဘာမက်တင်ဆေးနှုန်းထား = 0.1 kg/20 %

    = 0.1 / 0.2

    = 0.5 လီတာ

    တစ်ဧက စိုက်ခင်းအတွက် မွှားပင့်ကူနှိမ်နင်းရင် Abamectin 20%EC ဆေး 0.5 လီတာ (၅၀၀ စီစီ) လိုအပ်သည်ဟု သတ်မှတ်ဖော်ပြရပါမည်။

    ဆက်ရန်။

    Dr. Dada

    Ph. D Entomology

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
13
comments
0
views
2588