cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေကြီးနိုင်မည့်သတိပေးချက် နှင့် စိုက်/မွေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၃ ရက် နေ့တွေမှာ မိုးရွာရန် ရာနှုန်းပြည့် ရှိနိုင်ပြီး ၂၈၊၂၉ ရက်နေ့မှာတော့ မိုးရွာရန် ၆၀-၆၅ ရာခိုင်နှုန်းသာရှိနိုင်ပါတယ်။
  • ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မှ ဇူလိုင်လ ၂၉ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်          

    ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၃၊ ၂၄၊ ၂၆ ရက် နေ့ များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၃ နှင့် အထက်မှာ ရှိနိုင်ပြီး ဇူလိုင်လ ၂၉ ရက် နေ့ များတွင် မိုးရွာရန်  ၆၂ ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်။  ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၀ - ၈၉ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။      

    မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၃၊ ၂၄၊ ၂၅ ရက်နေ့ မှာတော့ မိုးရွာရန် ၉၄ ရာခိုင်နှုန်း နှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅-၅၉ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။            

    နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇူလိုင်လ ၂၃ ရက်မှ ၂၇ ရက်နေ့ အထိ မိုးရွာရန် ၉၂ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၅-၇၈ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။          

    တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်းပြည့်ဖြစ်ပြီး ၂၄၊ ၂၅၊ ၂၇ ရက်နေ့မှာတော့ မိုးရွာရန် ၉၄-၉၆ ရာခိုင်နှုန်းထိ ရှိ နိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၃၉ ရာခိုင်နှုန်းမှာသာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်ပါတယ် ခင်ဗျာ။          

    မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈) ရာခိုင်နှုန်း မှ (၉၃) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၃၊ ၂၄ ရက်နေ့တွေမှာ မိုးရွာရန်ရာနှုန်း ၉၁-၉၃ ရှိနိုင်ပြီး ၂၉ ရက်နေ့မှာတော့ မိုးရွာရန် ၃၈ ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅-၈၉ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။          

      ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၃ ရက် နေ့တွေမှာ မိုးရွာရန် ရာနှုန်းပြည့် ရှိနိုင်ပြီး ၂၈၊၂၉ ရက်နေ့မှာတော့ မိုးရွာရန် ၆၀-၆၅ ရာခိုင်နှုန်းသာရှိနိုင်ပါတယ်။ ကျန် ရက်တွေမှာ မိုးရွာရန် ၉၀-၉၈ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။  

      ပဲခူးတိုင်း တောင်ငူနှင့် စစ်တောင်းမြစ်ဝှမ်းတလျှောက် ရေကြီးနိုင်မည့်သတိပေးချက် 

    Global Flood Monitoring System Alert)သည် - 

    အလွန်မြင့်မားသည့်အဆင့် ခရမ်းရောင် EXTREME ALERT မှ အဆင့်မြင့် HIGH ALERT အနီရောင်သို့ လျော့ကျလာသည်။ 

    ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း ရေကြီးနိုင်မည့် သတိပေးချက် ALERT LEVEL EXTREME တွင်ရှိနေဆဲဖြစ်ပြီး၊ 

    ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတို့တွင် FLOOD ALERT LEVEL EXTREME ခရမ်းရောင်အဆင့် ရှိနေကြောင်းတွေ့ရသည်။ 

    GFAS Global Flood Awareness System update 

    ကရင်ပြည်နယ် မြဝတီမြို့အထက် ချောင်းဆုံအထက်ဘက်တွင် ဇူလိုင်လ ၂၇ ရက် မှ ဇူလိုင်လ ၃၁ ရက်အထိ 

    ရေကြီးနိုင်ခြင်းသတိပေးချက် အဝါရောင် warning level alert ရှိနေပြီး၊ တောင်ပေါ်ဧရိယာများတွင် ဇူလိုင် ၂၃ မှ ဇူလိုင် ၂၄ ရက်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၄ လက်မခန့် မိုးရွာသွန်းနိုင်/မိုးသည်းထန်နိုင်မည်ဖြစ်ကြောင်း တွေ့ရသည်။  (ဇူလိုင် ၂၂ ရက် ည ၁၀ နာရီ ၂၀ မိနစ်) 

    မိုးစပါး နှင့် ခရမ်းချဥ်စိုက်တောင်သူများ အတွက် အကြံပြုချက်များ 

    မိုးစပါး နှင့် ခရမ်းချဥ်စိုက်တောင်သူများ လက်ရှိကြုံတွေ့နေရသော စိုက်ခင်းပြဿနာများနှင့် ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 

    ဖြုတ်၊ ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးနှင့် ဘက်တီးရီးယားရွက်ခြောက်ကျနေသော               စပါးစိုက်ခင်းများ အနေဖြင့် နိုက်ထရိုဂျင်(ပုလဲ) မြေဩဇာကိုအလွန်အကျွံမထည့်သွင်းဘဲ အကြိမ်ရေခွဲထည့်ပေးပါ။ 

    ဖျက်ပိုးအမျိုးအစားအလိုက်အသုံးပြုသင့်သော ဓာတုပိုးသတ်ဆေးများ နှင့် ကာကွယ်နှိမ်နည်းနည်းများ ကို “ထွက်တိုး”မှာ အခမဲ့ လာရောက်ဆွေးနွေးအကြံဉာဏ်များတောင်းယူနိုင်ပါတယ်။ 

     ခရမ်းချဥ်ခင်းများ (ဖင်မဲ) လက္ခဏာကျရောက်နေပါက သီးကင်းဝင်ချိန်တွင် ကယ်လ်ဆီယမ် (Ca) ပါဝင်သောရွက်ဖျန်းများအသုံးပြုခြင်း၊ မြေကြီးကို ထုံး(သို့မဟုတ်) ဂျစ်ပ်ဆန်ကျောက်မှုန့်ထည့်ခြင်းများပြုလုပ်ပေးပါ။ 

      ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက်   

    မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ 

    ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ 

    ကန်ဘောင်ပေါ်မှ ‌ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ‌ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။ 

    ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ 

    မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ 

     စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။   

    ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather  

    ----------------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12         

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို          

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.         

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437          


likes
9
comments
0
views
3949