cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းအတွက် ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်များ ဖြစ်ပါသည်။ လက်ရှိ စပါးခင်းများ”ဖြုတ်”ကျနေသည်ကိုတွေ့ရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • ပုသိမ်မြို့နယ်

    သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် နေသာချိန်များ ပိုများလာပါမည်။

    မအူပင်မြို့နယ်

    သြဂုတ်လ ၁၊ ၅၊ ၆ရက်နေ့အတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် ယခုတစ်ပတ်အတွင်း မိုးအားလျော့နည်းလာပါလိမ့်မည်။

    ကျိုက်လတ်မြို့နယ်

    သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်း နီးပါးရှိပါသည်။

    ဖျာပုံမြို့နယ်

    သြဂုတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါသည်။

    ဘိုကလေးမြို့နယ်

    သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းရှိပြီး ၅ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်းရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။

    Source: Accuweather

    ---------

    မိုးစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    • လက်ရှိ စပါးခင်းများ”ဖြုတ်”ကျနေသည်ကိုတွေ့ရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • ဖြုတ်က အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) ၊ စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေနဲ့ ယူရီးယားပုလဲမြေဩဇာ အလွန်အကျွံထည့်ထားတဲ့ စိုက်ခင်းအခြေအနေတွေမှာ အဓိကကျရောက်ပါတယ်။
    • စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့လိုပါတယ်။
    • ရေကို စိုတစ်လှည့်၊ခြောက်တစ်လှည့် ပြတ်တောင်းသွင်းပါ။
    • ပုလဲနိုက်ထရိုဂျင်မြေဩဇာ (N) ကိုအလွန်အကျွံမထည့်ပါနဲ့။
    • ပိုတက်ရှ်(K)မြေဩဇာကို အဓိကထည့်ပေးပါ။
    • လေကြောင်းခွဲပေးပါ။
    • ကျရောက်မှုနည်းရင် တမာဆီပြင်းအား ၃%ကို တစ်ဧက ၆လီတာနှုန်းသုံးပြီးဖျန်းနိုင်ပါတယ်။ ဓာတုဆေးအနေနဲ့ Buprofezin+Acetamiprid, Pymetrozine+ Nitnepyram, Fenobucarb+ Cyantraniliprole, Dinotefuran အဆင်ပြေရာကို ရေထုတ်ပြီးမှ ဖျန်းပေးပါ။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ·     မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို လျော့ချသင့်ပါသည်။ 

    ·     ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည် အက်စစ်ဓာတ် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက် ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ 

    ·      ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးသင့် ပါသည်။   

    ·     ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
2442