cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမှုန်နှင့်ငါးသန်သားပေါက်များ ကန်အတွင်းထည့်သွင်းပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများ

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမှုန်သားပေါက် ဖြစ်စေ၊ ငါးသန်သားပေါက်ဖြစ်စေ ကန်အတွင်း ထည့်သွင်းပြီးပါက ဖြည့်စွက် စာကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါသည်။
  •            ငါးမှုန်သားပေါက် ဖြစ်စေ၊ ငါးသန်သားပေါက်ဖြစ်စေ ကန်အတွင်း ထည့်သွင်းပြီးပါက ဖြည့်စွက် စာကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါသည်။ ကန်အတွင်း သဘာဝအစာ ရှိသော်လည်း ကြီးထွားနှုန်းမြန် စေရန် ဖြည့်စွက်စာကို အောက်ပါအတိုင်း ကျွေးပေးရပါမည်။ အစာကျွေးရာတွင် တစ်နေ့လျှင် အနည်းဆုံး (၃) (၄)ကြိမ်ကျွေးပေးရန် လိုအပ်ပါသည်။ 

               ငါးသန်သားပေါက်များထည့်ပြီးပါက တပတ်လျှင် တကြိမ်ခန့် ကန်အတွင်းသို့ မြေဩဇာထည့်သွင်း ခြင်းကို ဆောင်ရွက်ရပါမည်။ သို့မှသာ ကန်အတွင်း ရေဩဇာ အမြဲ ကောင်းမွန်ရှင်သန်နေပါမည်။ ထည့်သွင်းရမည့်နှုန်းမှာ တဧကလျှင် ပုလဲ (၅)ပိဿာနှင့် တီစူပါ (၃)ပိဿာဖြစ်ပါသည်။

               ငါးသန်များကိုမရောင်းမှီ ၂ရက် ၃ရက်အကြာတွင် ၂ကြိမ်မှ ၃ကြိမ်အထိအောက်ပါအတိုင်း ပြုလုပ် ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့်နေသားကျခြင်း (သို့မဟုတ်)ကျင့်သားရပါမည်။ နေ့စဉ်ငါးသားပေါက်များကို ပိုက်ဆွဲပြီး ငါးများစုမိသောအခါ မိနစ် ၂၀-၃၀ ခန့် ရေဖျန်းပြီး ပြန်လွှတ်ပေးရမည်။ ၄င်းအတိုင်း နေ့စဉ် တကြိမ်စီနှင့် ၂ရက် ၃ရက်လုပ်ပေးရပါမည်။ ပဲဖတ်နှမ်းဖတ်ကျွေးရာတွင် တဧကလျှင် ၁၂ပိဿာခန့် ကျွေးရပါမည်။ ငါးသန်များ ရောင်ချလိုပါက မရောင်းချမှီ (၂၄)နာရီကြိုတင်ပြီး အစာဖြတ်ထားရပါမည်။

               ငါးသားပေါက်ရောင်းချမည်ဆိုပါက၊ ငါးသားပေါက်များ ရွှံ့မပေစေရန် ငါးဖမ်းပိုက်သည် ပါးလွှာသော သီးသန့်ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရပါမည်။ ဖမ်းဆီးပြီးနောက် ကန်ထဲတွင် သီးသန့်ထားသော ပိုက်ကာထား သည့် နေရာတွင် (၄-၅)နာရီကြာ အသားကျစေရန်ထားရှိရပါမည်။ ထိုအချိန်တွင် ငါးများမစင်စွန့်ခြင်းကြောင့် ငါးများ၏ အစာအိမ်တွင် အစာမရှိနိုင်ပါ၊ အဆိုပါအခြေအနေတွင် ငါးများသယ်ယူရာတွင် အခက်အခဲမရှိ နိုင်ကြောင်းတွေ့ရှိရပါသည်။

               ငါးသားပေါက်များ ခရီးဝေးသယ်ယူရမည်ဆိုပါက ငါးမဖမ်းမှီ ပထမနေ့တွင် ကန်အတွင်းသို့ တဧက လျှင် ထုံး(၁၀)ပိဿာ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
3
comments
0
views
2700